"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"

2K 254 2
                                    

Chapter 55

နောက်တစ်နေ့တွင် ကျောက်လင်းယွီက ပုံမှန်အတိုင်း ပထမတပ်ဖွဲ့သို့သွားကာ သူက ရှန်းချိုးရှစ်နှင့်အတူ အပြင်ထွက်လည်ခဲ့သည်။

ရှန်းချိုးရှစ်သည် ယမန်နေ့ကကဲ့သို့ပင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ ရမ်ရှန့်အတွက် ပန်းရောင်အင်္ကျီကို ရွေးပေးထားသည်။ နှစ်ဦးသား ယှဉ်တွဲရပ်နေကြချိန်တွင် အနီရောင်ကြောင့် အသားပိုဖြူလာသည့်အတွက် လူတိုင်းမှာ သူတို့ထံမှ အကြည့်မလွှဲနိုင်ကြတော့ပေ။

သို့သော် ရှန်းချိုးရှစ်ကတော့ မသိချင်ယောင်ဆောင်ကာ သူမ၏ သူငယ်ချင်းနှင့် တွေ့ပေးရန် ရမ်ရှန့်ကို သီးသန့်ကလပ်သို့ ခေါ်လာခဲ့လိုက်သည်။

နှင်းဆီကလပ်သည် မြို့တော်ကြယ်၏ ကျော်ကြားသော သီးသန့်ကလပ်တစ်ခု ဖြစ်ကာ ၎င်းကို စွမ်းရည်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အမျိုးသားများနှင့် စွမ်းရည်ပိုင်ရှင် မဟုတ်သူများကို တားမြစ်ထားခြင်း မရှိသော်ငြား အဖွဲ့ဝင်အားလုံးမှာ စွမ်းရည်ပိုင်ရှင် အမျိုးသမီးများသာ ဖြစ်သည်။ အကယ်၍ အဖွဲ့ဝင်မဟုတ်သူများက ကလပ်ထဲသို့ ဝင်ရောက်လိုပါလျှင် အဖွဲ့ဝင်တစ်ဦးက ထောက်ခံပေးရမည်ဖြစ်သည်။

ရှန်းချိုးရှစ်က ရမ်ရှန့်ကို အဆင့်မြင့် သီးသန့်ခန်းသို့ ခေါ်လာစဉ် လမ်းတစ်ဝက်တွင် မိတ်ကပ်ကို အနုစိတ် လိမ်းခြယ်ထားသည့် အမျိုးသမီးတစ်ဦး၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။

"မစ္စစ်ကျောက်ရေ မတွေ့ရတာတောင် ကြာပြီနော် ..."

"မတွေ့ရတာ ကြာပြီ ..."

ရှန်းချိုးရှစ်က သူမကို သာမန်ကာလျှံကာသာ ပြန်နှုတ်ဆက်လိုက်သည်။

"မစ္စစ်ကျောက်ရယ် ကျွန်မတော့ဖြင့်လေ ရှင့်ကို ဒီနေရာမှာ တွေ့ရမယ်လို့ ထင်ကို ထင်မထားဘူး ရှင့်ယောကျာ်းကို ပြုစုဖို့အတွက် ကျောက်အိမ်တော်ထဲမှာပဲ အချိန်ကုန်နေရတယ်လို့ ထင်ထားတာ အမလေး အားနာလိုက်တာရှင် ကျွန်မရဲ့ စကားတွေက နည်းနည်းလေး ရိုင်းသလိုများ ဖြစ်သွားသလား မသိဘူး ..."

"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"Where stories live. Discover now