"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"

4.5K 248 16
                                    

End of Extra

Chapter 176

ထိုညတွင် ရမ်ရှန့်က ကျောက်လင်းယွီကို သူလေ့ကျင့်ဖူးသည့် ခန္ဓာကိုယ်သန့်စင်ရေးနည်းလမ်းအကြောင်း မေးလိုက်တော့၏။

ကျောက်လင်းယွီသည် စိတ်စွမ်းအင်အမြောက်အများ ပိုင်ဆိုင်ထားသည့် ထူးကဲရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပိုင်ဆိုင်ထားသူဖြစ်ရာ ရမ်ရှန့်က သူ့လို ဆေးလုံးများစွာ တိုက်ကျွေးနိုင်ပေသည်။ ကျင့်ကြံရာတွင်လည်း အလွန်မြန်ဆန်သောကြောင့်သာ သူ့ခန္ဓာကိုယ်ကို အပြတ်အသတ် မာကျောနေအောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သော်ငြား ထိုနည်းလမ်းမှာ အခြားသူများနှင့် မသင့်လျော်လှချေ။ အခြားကျင့်ကြံရေးနည်းလမ်းများမှာမူ စိတ်စွမ်းအင် အနည်းငယ်ပင် မရှိသည့် ဤကမ္ဘာရှိ လူများနှင့် ပို၍ပင် မသင့်တော်လှချေ။

"လင်းယွီ အချစ်လေး ပေါင်ပေ့လေး ..."

သူက ကျောက်လင်းယွီ၏ ခန္ဓာကိုယ်အပေါ် ထပ်လျက်လဲလျောင်းလိုက်ပြီး မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။

"ဘာလိုချင်လို့လဲ ..."

ကျောက်လင်းယွီက သူ့ခေါင်းကို ဆွဲယူကာ နမ်းလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စနိုးစနောင့် ဖြစ်နေပေသည်။

ရမ်ရှန့်မှာ အကြံဆိုးတွေ ထပ်ထွက်လာ‌တာတော့ မဟုတ်ပါဘူးနော် ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သူ့နှာခေါင်းထဲကို အမြစ်နဲ့ ထိုးချင်လို့ဆိုပြီး ဒီလိုမျိုး ချိုချိုသာသာလေးတွေ ပြောဖူးသေးတယ် ...

"ကျွန်တော့်ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးနည်းလမ်းတစ်ခုလောက် ကူစဉ်းစားပေးလို့ ရမလား အဆင့်နိမ့်စွမ်းရည်ပိုင်ရှင် လိုက်လုပ်နိုင်တာမျိုးလေ ..."

သူက ကျောက်လင်းယွီနှင့် အကြည့်ချင်းဆုံကာ ပြောလိုက်သည်။

သူ့ရဲ့ ကျင့်ကြံမှုကြောင့် အဆင့်နိမ့်စွမ်းရည်ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကို သန့်စင်တဲ့နည်းလမ်းတွေ အကုန်ရှိနေပြီးသား မဟုတ်လား စတူးဝပ်လိုလူမျိုးအတွက်ကကျ နည်းနည်းလေး အဆင့်နိမ့်တဲ့နည်းလမ်းမျိုး လိုအပ်တယ်လေ ...

"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"Wo Geschichten leben. Entdecke jetzt