"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"

1.8K 188 0
                                    

Chapter 135

တာဝန်ရှိ ဒိုင်လူကြီးများနှင့် မက်ခါကျွမ်းကျင်သူများ စုရုံးကာ ထိုအကြောင်း ဆွေးနွေးခဲ့ကြပြီ ၎င်းတို့အနက် ဖက်တီးနှင့်အတူ ရမ်ရှန့်၏ လေ့ကျင့်မှုကို မြင်ဖူးခဲ့သူများလည်း ရှ်ိသည့်အတွက် ထိုသူများက ရမ်ရှန့်၏ စွမ်းရည်ကို ယုံကြည်ကြသည့်တိုင် သူ၏ ဖြစ်တည်မှုသည် ပြိုင်ပွဲ၏ သဟဇာတဖြစ်မှုကို သက်ရောက်နေသည့်အတွက် မည်သူကမှ ၁၉ နှစ်အရွယ် ‌ကလေး၏ စွမ်းရည်ကို မယုံကြည်ပေးလိုကြတော့ပေ။

သရုပ်ပြကွန်ယက်အတွင်းရှိ ဖက်တီးမှာမူ ပူလောင်မွန်းကြပ်ကာ ချွေးများပင် စီးကျလာတော့သည်။ ပြီးခဲ့သည့် ရက်ပိုင်းကမှ ရမ်ရှန့်ကို နှစ်သိမ့်ပေးထားသော်ငြား ယခုမူ ပြိုင်ပွဲမှ နှုတ်ထွက်ပေးရန် တောင်းဆိုရပေတော့မည်။ သူက ထိုသို့ မလုပ်ချင်သော်ငြား လူတိုင်း၏ အကြည့်တို့မှာ သူ့ထံတွင်သာ ကျရောက်‌နေပေသည်။

"ငါသွားမယ် ..."

သူက သက်ပြင်းချကာ ပြောလိုက်သော်ငြား စကားပင် မဆုံးသေးခင် ဧကရာဇ်ထံမှ အကြောင်းကြားစာကို လက်ခံလိုက်ရသည်။

ဧကရာဇ် ဟုတ်လား ...

ဖက်တီးအပါအဝင် အနားနားတွင် ရှိနေသူအားလုံး ထိတ်လန့်သွားကြတော့၏။ ဧကရာဇ်သည် သက်ဦးဆံပိုင်စနစ်ဖြင့် အာဏာကို တစ်ဦးတည်း လက်ကိုင်မထားနိုင်တော့သည့်တိုင် အလေးစားရဆုံး ဂုဏ်ပုဒ်တစ်ခု ဖြစ်နေသေးပေသည်။

"အရှင်က ပြိုင်ပွဲရဲ့ လုပ်ငန်းစဉ်တွေကို အမည်မဲ့အဖြစ်  ပြောင်းလဲစေချင်တယ်တဲ့ ..."

တစ်စုံတစ်ယောက်က တုံ့နှေးစွာဖြင့် ပြောလိုက်သည်။ ထို့နောက် နောက်ထပ် စာတစ်စောင် ရောက်ရှိလာပြန်တော့သည်။ ယခုအခေါက် ရောက်လာသည့်စာမှာ မက်ခါသုတေသန အဖွဲ့အစည်း၏ ဒါရိုက်တာ၊ အင်ပါယာ၏ ရေခဲရုပ်အလှလေးဟု လူသိများသည့် ကိတ်ထံမှ ဖြစ်သည်။ သူကလည်း ပြိုင်ပွဲကို အမည်မဖော်ဘဲ ကျင်းပပေးစေလိုကြောင်း ဖော်ပြထားပေသည်။

တစ်ဖန် စစ်တပ်မှ... လောယာအင်ပါယာ၏ စစ်နတ်ဘုရားဟု တင်စားရသည့် Crohn ကလည်း အထူးတလည် ဆက်သွယ်ကာ ပြိုင်ပွဲဝင်အားလုံးကို အမည်မဖော်၊ ရုပ်သွင် ဖော်ပြခြင်း မရှိဘဲ စံပုံစံမက်ခါများကိုသာ အသုံးပြုစေမှသာ မျှတလိမ့်မည်ဟု အကြံပြုလာသည်။  ထို့နောက်တွင်တော့ မြောက်များစွာသော ပုဂ္ဂိုလ်တို့ကလည်း အလားတူပင် တောင်းဆိုလာကြတော့သည်။

"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"Hikayelerin yaşadığı yer. Şimdi keşfedin