"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"

2.2K 266 0
                                    

Chapter 41

ဂျင်ဆင်း‌သီးတွေကို ဘာပုံပြင် ပြောပြရပါ့မလဲ တကယ်တမ်း ပုံပြင်နားထောင်ချင်နေတဲ့သူက ရမ်ရှန့် မဟုတ်ဘူးလား ...

ကျောက်လင်းယွီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူသည် ယမန်နေ့များကကဲ့သို့ အသာတကြည် ပြောမပြဘဲ ပြန်မေးလိုက်သည်။

"ဘာလို့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဆိုင်တဲ့ စာအုပ်တွေ အများကြီး ရှာထားတာလဲ ..."

ရမ်ရှန့်ကို အခန်းထဲ ပြန်ခေါ်လာခြင်းမှာလည်း ထိုကိစ္စကို မေးမြန်းချင်၍ ဖြစ်သည်။ ရမ်ရှန့် ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ဆိုင်သည့် စာအုပ်များကို ရှာဖွေထားကြောင်း သိလိုက်ရချိန်တွင် သူဘယ်လောက် အံ့ဩသွားခဲ့ကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။

ဒီဂျင်ဆင်းလေး သူက ရုတ်တရက်ကြီး မိန်းမတစ်ယောက်နဲ့ ကလေးယူချင်နေတာတော့ မဟုတ်လောက်ပါဘူးနော် ...

"ကျွန်တော့်မှာလည်း ကလေးရှိနေလို့လေ ..."

သူက စပျစ်သီးအရွယ် အသီးလုံးများကို ညွှန်ပြလိုက်သည်။

"ကျွန်တော်က လူသားနဲ့ မတူဘဲ ကွဲပြားတာတွေ အများကြီး ရှိတယ်ဆိုပေမယ့်  သန္ဓေသားပညာပေးအသိအမြင်က အသုံးဝင်နိုင်မယ်လို့ပဲ ထင်တယ်..."

အပင်တွေလို မဟုတ်ဘဲ လူသားတွေက မိခင်ဗိုက်ထဲမှာ ရှိနေကတည်းက နည်းနည်းလေး သိနေကြပြီဆိုတော့ သူ့ကလေးတွေလည်း ဒီလိုပဲ မဟုတ်လား ...

"ဆိုတော့ ဒီလိုမျိုးကိုး ..."

"အဲဒါကြောင့် သူတို့ကို နေ့တိုင်း တစ်ရက်တစ်နာရီ ပုံပြင်ပြောပြပြီး နည်းနည်းလေး ပိုပြီး ထိတွေ့ပေး ..."

သူက ပြောလိုက်သည်။ သူ့အသီးများကို မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်ချေ။ ထို့ကြောင့် အထိခံရချိန်တွင် အနည်းငယ် ထူးဆန်းမိသည့်တိုင် သည်းခံရမည်ဖြစ်သည်။ 

အမ် ... အကြာကြီး အကိုင်ခံရတာက နည်းနည်းလေးတော့လည်း ဇိမ်ကျသလိုလို ရှိပါတယ်လေ ...

"ကောင်းပြီလေ ..."

ကျောက်လင်းယွီက ပြန်ဖြေလိုက်သည်။

"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"Where stories live. Discover now