"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"

1.9K 244 0
                                    

Chapter 69

အီသန်သည် ကျောက်လင်းယွီ၏ စောင့်ကြည့်ခြင်းကို သည်းခံနေသည်မှာ သူ့ထက်အားနည်း၍ မဟုတ်၊ သူ့ကို အတိုက်အခံ မလုပ်ချင်၍သာ ဖြစ်သည်။

သူ့တွင် တိုက်ခိုက်ရေးစွမ်းရည် မရှိသည့်အပြင် ကာကွယ်ရေးစွမ်းရည်မှာလည်း အသုံးချခဲ၍ မကျွမ်းကျင်သည့်တိုင် S အဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။

အတိတ်အချိန် ကျောက်လင်းယွီနှင့် ရင်ဆိုင်ခဲ့စဉ်ငလည်း သူသည် S အဆင့် ကာကွယ်ရေးစွမ်းရည်ကို သုံးကာ သူ့ခန္ဓာကိုယ်အတွက် ကာကွယ်ရေးဒိုင်းကို ဖန်တီးခဲ့သေးသည်။ ထို့ကြောင့် သာမန်သူများသည် သူ့အနားသို့ စိတ်တိုင်းကျ မကပ်နိုင်ပေ။ ယခုလည်း သူ၏ ဒိုင်းဖြင့် ပင်မထိန်းချုပ်ခန်းတံခါးကို ခေါက်နေပြန်သည်။

"ကျောက်လင်းယွီ ထွက်လာခဲ့ ..."

အီသန်၏ ဒိုင်းမှာ ဧရာမလိပ်ခွံကြီးကဲ့သို့ပင် သန်မာလှရာ ပင်မထိန်းချုပ်ခန်း တံခါးမှာ ပျက်စီးလုနီးပါး ဖြစ်လာဝောာ့သည်။

"အီသန် ငါက ဒီမှာ ..."

ကျောက်လင်းယွီက ပြောလိုက်သည်။

"ကျောက်လင်းယွီ!! ..."

အီသန်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"မင်း ဘာတွေ စောက်ရူးထနေတာလဲ ကြယ်ဓားပြတွေကလည်း ထွက်ပြေးသွားပြီ သင်္ဘောပေါ်မှာလည်း ပြည်သူတွေ ပါနေသေးတာကို ဘာလို့ သူတို့နောက် လိုက်နေဦးမှာလဲ ..."

သူ ဒီကို မလာခင်က ရန်ယဲ့နှင့် သွားတွေ့ခဲ့သေးသည်။ ထိုသူက ဤခရီးမှာ  ဘေးကင်းမည်ဟု အာမခံခဲ့ကာ ပြီးခဲ့သည့် ဖြစ်ရပ်များအရလည်း သေချာပေါက် ဘေးကင်းမည်ဟု သုံးသပ်နိုင်သည့်ခရီးပင် ဖြစ်သည်။

ကြယ်အမှတ် ၁၂၅၃၄ မှ ပြည်သူများကို ကယ်ဆယ်ပြီးပါက မြို့တော်ကြယ်သို့သာ တန်းတန်းမတ်မတ် ပြန်သင့်ပေသည်။ အီသန်သည် ရရှိလာမည့် အကျိုးအမြတ်များကို တွက်ချက်ရင်း ကျေနပ်အားရစွာဖြင့် အိပ်မော‌ကျနေခဲ့သောငြား ကျောက်လင်းယွီ၏  ပင်မသင်္ဘောတစ်စီးတည်းဖြင့် ကြယ်ဓားပြများကို လိုက်လံတိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် လန့်နိုးလာတော့သည်။

"မာရှယ်နှင့်သူ၏ဂျင်ဆင်းလေး"حيث تعيش القصص. اكتشف الآن