Part 10

4.3K 227 17
                                    

Unicode

ဒီနေ့ တစ်မနက်လုံး ခေါင်းမကြည်ဘဲ လူက နုံးနေသည်။ ညက အိပ်ရေးမ၀ဘဲ မနက်စောစော အတန်းတစ်ခုတက်လိုက်ရတာကြောင့်လည်း ဖြစ်မည်။ ကော်ဖီခနဆင်းသောက်ပြီး အခန်းထဲပြန်၀င်ကာ ကုတင်ပေါ်ပြန်လှဲနေလိုက်သည်။

မနေ့ညနေက ညီသုတနဲ့ အပြင်လိုက်မယ်ပြောပြီးမှ မလိုက်ဖြစ်တော့ကြောင်း ငြင်းလိုက်တော့ စိတ်မကောင်းဖြစ်သွားပုံရပေမယ့် ဘာမှတော့ အတင်းအကြပ်မပြောဘဲ ဖုန်းချသွားခဲ့သည်။ အခုမနက်အထိတော့ ဖုန်းခေါ်မလာသေးပါ။ စိတ်မဆိုးရင်တောင် စိတ်တော့ခုသွားမှာပေါ့။

မနေ့က စာအုပ်ဆိုင်သွားဖို့ လမ်းထိပ်ကို လိုက်သွားပြီး လမ်းထိပ်မှာ ဆင်းနေခဲ့လိုက်သည်။ ညီသုတ က ကောင်မလေးတစ်ယောက်နဲ့ ရီမောပြီးစကားပြောရင်း ကားပေါ် ခေါ်တင်သွားတာကို စာအုပ်ဆိုင်ထဲကနေ လှမ်းမြင်လိုက်ရတာဖြစ်သည်။ ညီသုတ ဆီမှာ ဒီထက်မကတဲ့ မိန်းကလေးသူငယ်ချင်းပေါင်းများစွာရှိနေတာကို သိပေမယ့်လည်း အဲ့ဒီမြင်ကွင်းကြီးကို စိတ်ထဲမှာ အလိုမကျဖြစ်နေမိတာတော့ ထူးဆန်းသည်။

အဲ့ဒါကြောင့် အပြင်သွားချင်စိတ်လည်း မရှိတော့တာနဲ့ မလိုက်တော့ဘူးပဲ ပြောလိုက်တာ ဖြစ်သည်။ ညီသုတအောင်ဆိုတာ နဂိုတည်းက ဒီလိုပဲ ဆိုတာ သိထားရက်နဲ့၊ ကျွန်တော့်စိတ်ထဲမှာ အလိုမကျနိုင်ဘူး ဖြစ်နေသည်။ "သူ့သူငယ်ချင်းတွေနဲ့မတွေ့၊ Night Out မထွက်ဘဲ ကျွန်တော့်နားမှာ ကျွန်တော်နေသလို ပျင်းစရာဘ၀နဲ့ လာနေပေးတယ်ဆိုတာ ခနပဲ ရမှာပေါ့။ ကျွန်တော်က လောဘကြီးမိနေတာပဲ" လို့ ဘယ်လိုပဲဖြေတွေးတွေး စိတ်က မကျေနပ်နိုင်ဖြစ်နေသည်။

သူကလည်း သူ့ပုံစံမဟုတ်ဘဲ ကျွန်တော့်နားမှာ လာနေတာ၊ ကျွန်တော်ကလည်း စိတ်ရှုပ်ခံပြီး အပြင်တွေ ကြိုးစားပြီး လိုက်သွားပေးနေတာတွေက ဘာလို့ လုပ်မိနေမှန်း တကယ် နားမလည်တော့ပါ။ အမြဲတမ်းရော အဲ့လိုနေသွားနိုင်ကြမှာ မို့လို့လား၊ နေသွားစရာရော လိုအပ်လို့လား။ ကျွန်တော် ထပ်မစဉ်းစားတတ်တော့ပါ။

:
:
:

ဒီနေ့နဲ့ဆို ကောင်းဆက်ဆီကို မရောက်ဖြစ်တာ နှစ်ရက်ရှိပြီဖြစ်သည်။ သင်တန်းကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေတာကြောင့်ရော၊ ဟိုရက်က ကောင်းဆက်က အပြင်မလိုက်‌တော့ဘူးဆိုပြီး အကြောင်းပြချက်မရှိငြင်းတာကြောင့် စိတ်ထဲမှာ မကြည်တာကြောင့်ရော ဖုန်းပါမဆက်ဖြစ်တာ။ ကောင်းဆက် ဆီကနေ ဖုန်းခေါ်ဖို့မပြောနဲ့၊ Message လေးတစ်စောင်တောင် ရောက်မလာခဲ့။

Love & HurtWhere stories live. Discover now