Final

9.8K 249 91
                                    

Unicode

လှည့်ထွက်သွားတဲ့ ကျောပြင်ကို ငေးရင်း ကျန်နေခဲ့ရတာ ဒုတိယအကြိမ်ပေါ့။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ ကိုယ်တိုင် ထွက်သွားခွင့်ပြုလိုက်တာ ဖြစ်သည်။ *ငါ့အပေါ်မှာ လုပ်ရက်လိုက်တာ* ဆိုတဲ့စိတ်နဲ့ ဒေါသထွက်တာလား၊ ၀မ်းနည်းတာလား မသဲကွဲပါ။

ညီသုတအပေါ်မှာ နားလည်မှုအပေးနိုင်ဆုံးလို့ ထင်ထားခဲ့တဲ့ မေမေရော၊ ကောင်းဆက်ရောက ဒီလိုမျိုး လုပ်ရက်တယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ ဘာကိုမှ မတွေးနိုင်တော့တဲ့အထိ ဖြစ်သွားရသည်။ အဲ့ဒီလို မဟုတ်ပါဘူး လို့ ကောင်းဆက်ကလည်း မငြင်းခဲ့။ လိမ်ခဲ့မိပါတယ် တဲ့။

ဘာအတွက်လဲ ဆိုတာ ရှင်းရှင်းလေးပါ။ ထိန်းလို့မရအောင် ပြဿနာရှာနေတဲ့ ညီသုတကို ပြဿနာထပ်မရှာဘဲ ကျောင်းသွားတက်အောင် နှစ်သိမ့်တာပေါ့။ အရူးလိုမျိုး ခနတော့ပျော်ပါစေဆိုပြီး အားလုံးက လွှတ်ပေးထားတာပေါ့။

ရင်နာစရာအကောင်းဆုံးက *ငါ မင်းအနားမှာနေချင်လို့* ဆိုပြီးအနားကို ပြန်ရောက်လာခဲ့တဲ့ ကောင်းဆက်က၊ ညီသုတ ကျောင်းသွားတက်ပြီးတဲ့အခါ ဘယ်တော့မှ ထပ်မပတ်သတ်တော့ပါဘူးလို့ ကတိပေးထားတာပဲ ဖြစ်သည်။ သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ ဘာတစ်ခုမှ မပါဘဲနဲ့ တာ၀န်တစ်ခုလို အနားမှာ လာနေပေးခဲ့တာတဲ့လေ။

ကိုယ့်ဘက်မှာ ဘယ်သူ့မှရှိမနေဘူးဆိုရင်တောင်၊ ချစ်တဲ့သူက ကိုယ့်ဘက်မှာ ရှိနေတယ်ဆိုရင် အရာရာကို ရင်ဆိုင်နိုင်သေးသည်။ အခု အရာအားလုံးကို အရှုံးပေးလိုက်ရတော့မှာလား။

ညီသုတ ငိုမိသည်။ တကယ်ကို နာနာကျင်ကျင်နဲ့ပေါ့။
အရင်အချိန်တွေတုန်းက လူကြီးတွေကြောင့် ကောင်းဆက်က သူ့အနားကိုရောက်မလာနိုင်ဘူးဆိုတဲ့ စိတ်နဲ့။ အခုတစ်ကြိမ်မှာတော့ ကောင်းဆက်ကိုယ်တိုင်က သူ့အနားကနေ ထွက်ပြေးချင်နေပါလားဆိုတာကို သိနေတဲ့ အသိဆိုးကြီး တစ်ခုနဲ့ ဖြစ်သည်။

"ငါက အဲ့လောက်တောင်ပဲ စိတ်ရှုပ်စရာဖြစ်နေခဲ့တာလား"

လှေကားပေါ် ပြေးတက်ရင်း အခန်းဆီရောက်တော့ လူက တုန်ရင် မောဟိုက်နေခဲ့သည်။ အဝေးကြီးကပြေးလာခဲ့ရသလို ရင်ထဲက လှိုက်၍ မောနေကာ အသက်ကို ၀အောင်ရှူလို့မရ။ ကုတင်ဘေးမှာ ထိုင်ချလိုက်ရင်း ခေါင်းကိုမော့ကာ ပါးစပ်ဟပြီး အသက်ကိုရှူသွင်းနေရသည်။

Love & HurtWhere stories live. Discover now