Unicode
"သား အခန်းထဲအထိ ဘီယာကို ကတ်လိုက် ၀ယ်ထည့်ပေးလိုက်ရသလား၊ ဒီလောက်တောင် မစဉ်းစားတတ်ဘူးလား တကယ်ပါပဲ"
ဒေါ်မိုးမမ ဧည့်ခန်းမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဒရိုင်ဘာကိုမျိုးအား အပြစ်တင်မိသည်။ ညီသုတ အခန်းထဲ ဘီယာ ကတ်လိုက် ၀ယ်ထည့်ပေးလိုက်သတဲ့။ အခု အခန်းတံခါးကို လော့ခ်ချထားတဲ့ သားဖြစ်သူက အပြင်ကနေ ဘယ်လောက် ဆူညံအော်ဟစ်နေနေ ဖွင့်မပေးချေ။ သော့အပိုနဲ့ဖွင့်လိုက်လို့ရပေမယ့် *သူ့ကို ဒီအိမ်မှာဆက်မတွေ့ချင်ရင် တံခါးကိုလာဖွင့်ပေါ့* ဆိုတဲ့ စကားကြောင့်၊ ဖွင့်၀င်မသွားရဲပါ။
"ကျွန်တော် တောင်းပန်ပါတယ် မမိုး၊ ညီသုတက မ၀ယ်ပေးရင် သူကိုယ်တိုင်သွား၀ယ်မယ်လုပ်နေလို့ ၀ယ်ပေးလိုက်ရတာပါ"
ညီသုတအောင် ဆိုတာ ဒီလိုမျိုး ရူးမိုက်တဲ့အလုပ်ကို တစ်ခါမှ လုပ်ဖူးတဲ့ ကလေး မဟုတ်ပါ။ အမေဖြစ်သူကိုလည်း စိတ်ဆင်းရဲအောင် တစ်ခါမှ မလုပ်ဖူးခဲ့။ အခုကိစ္စမှာမှ ဒီလောက်အထိ ဘာလို့ဖြစ်ရတာလဲမသိပါ။
ဒီပြဿနာကို လွယ်လွယ်လေး ထင်ခဲ့မိတာ မှားသွားပြီလားဟုပင် ဒေါ်မိုးမမ ပြန်စဉ်းစားမိသည်။ ကောင်းဆက်က ပြောခဲ့တဲ့အတိုင်းပဲ သူ အဆင်ပြေတယ်လို့ ဆိုကာ ညီသုတကို အဆက်သွယ်မလုပ်တော့ဘူး ထင်သည်။ အခု ပြဿနာရှိနေတာက
ညီသုတ။ကျောင်းကိစ္စတွေ ဘာမှ ဆက်မလုပ်တော့တဲ့အပြင် အခန်းထဲကနေလုံး၀မထွက်တော့ဘဲ နေ့နေ့ညည အရက်တွေသောက်နေသည်။ အမြဲတမ်း တက်ကြွပျော်ရွှင်နေတတ်တဲ့ သားဖြစ်သူကို ဒီလိုမြင်ရတဲ့အခါ ဒေါ်မိုးမမ ရင်ထဲမချိအောင် ခံစားရသည်။
သား မျက်နှာပျက်ရင်တောင် နေလို့မရတဲ့အမေဖြစ်သူက ဒီလိုမျိုးအခြေအနေကို ရင်မဆိုင်နိုင်။ သား ထမင်းထွက်မစားတဲ့ရက်တွေမှာ ကိုယ်တိုင်လည်း ထမင်းစားမ၀င်ပါ။ အရက်တွေချည်း သောက်နေရင်းက ညရောအိပ်ရဲ့လားလို့ တွေးပူပြီး ညဘက်တွေလည်း အိပ်မပျော်တော့။
ဟိုရက်ကပဲ အိပ်ရေးပျက်တာတွေများပြီး ကောင်းဆက်တို့အိမ်ကအပြန်မှာ သတိမေ့လဲသွားသေးသည်။ ဒီလောက်ထိဖြစ်တာတောင် သဲဇာတို့က ဒေါ်မိုးမမဆီ ဖုန်းတချက်ဆက်မလာခဲ့ပါ။
YOU ARE READING
Love & Hurt
Romanceချစ်ခြင်းနဲ့ထပ်တူ နာကျင်ရရင်တောင် လူတွေဟာ အဆုံးထိချစ်ကြတယ် .. တဲ့ ချစ်ခြင်းတရားဟာ နာကျင်မှုတွေကို သက်သာစေမယ် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ပေါ့ ...