Part 17

3.4K 209 15
                                    

Unicode

ကားကို ခြံရှေ့မှာပဲ ရပ်ပြီး ခြံစောင့်ဦးလေးကို "ခနပဲ" ဟု ပြောခဲ့ကာ ညီသုတ ၀င်လာခဲ့လိုက်သည်။ ကောင်းဆက် တစ်ခုခုဖြစ်နေတယ်ဆိုတာ သေချာသည်။ ဖုန်းထဲမှာမေးနေလို့ကတော့ မိုးသာလင်းသွားမယ်။ အဲ့ဒီကျောက်ရုပ်လိုကောင်လေးက ပြောမှာ မဟုတ်ပါ။

"ကောင်းဆက် အပေါ်မှာလား ဒေါ်ကြီး"

"ဟုတ်တယ် သားလေး"

"ကျွန်တော် အပေါ်တက်သွားလိုက်မယ်နော်"

ကောင်းဆက် အဖေနဲ့အမေကို မတွေ့တာမို့ အိမ်ကအဒေါ်ကြီးကိုပဲ ပြောပြီး အပေါ်တက်ခဲ့လိုက်သည်။

"ကောင်းဆက် ..."

တံခါးခေါက်လိုက်တော့ တံခါးလာဖွင့်ပေးတဲ့ ကောင်လေးက မျက်နှာမကောင်းပါ။ တံခါးဖွင့်ပေးပြီး ကုတင်ပေါ် ပြန်သွားထိုင်နေသည်။ အနားကို လျှောက်သွားလိုက်ပြီး ကုတင်ပေါ်မှာထိုင်နေတဲ့ ကောင်းဆက် ဘေးနားရပ်ကာ ခေါင်းကို အုပ်ကိုင်လိုက်ရင်း ..

"အိမ်မှာ ပြဿနာဖြစ်လို့လား"

ကောင်းဆက်က ခေါင်းပဲ ညိတ်ပြသည်။

"အပြင်ခန ထွက်ချင်လား၊ ဘယ်မှ မသွားချင်ရင် ကားခန‌ပတ်မောင်းမယ်လေ"

"မသွားချင်ဘူး"

"Ok .. ၊ အဲ့ဒါဆို ဘာဖြစ်တာလဲ ငါ့ကိုပြောပြလေ"

"....."

"ဘာပြဿနာပဲ ဖြစ်ဖြစ် ငါရှိတယ်နော်"

ဆံပင်တွေကို ခပ်ဖွဖွသပ်ပေးရင်း ခပ်တိုးတိုးပြောတော့ ခေါင်းငုံ့ထားတဲ့ ကောင်လေးဆီက ရှိုက်သံသဲ့သဲ့ကြားရသည်။ ကုတင်ဘေးမှာ ရပ်နေရင်းကနေ ကောင်းဆက်ကို ဖက်ထားပေးလိုက်ရင်း ...

"ဘာမှ မဖြစ်ဘူး .. မင်း ငိုချင်ရင်ငိုလိုက်လို့ရတယ်"

အခုချိန်မှာ "ဘာဖြစ်နေတာလဲ" လို့ အတင်းမေးတာထက် အခုလို ပွေ့ဖက်ပေးထားခြင်းက ပိုအဆင်ပြေမယ်ဟု ညီသုတ ထင်သည်။

"ငါက ဘာမှအသုံးမကျတဲ့ကောင်နော်၊ မိဘတွေအတွက်ရော တခြားဘယ်သူ့အတွက်ရောမှ အသုံးမ၀င်ဘဲနဲ့ ..."

ငိုရှိုက်ရင်း ပြောလာတဲ့ ကောင်းဆက်ကို ပိုပြီး ခပ်တင်းတင်းဖက်ထားပေးမိသည်။

Love & HurtWhere stories live. Discover now