Chapter (10)

320 52 8
                                    

Recall>>>

" ဒီနေ့ကစပြီး ကိုယ့်ဘာသာကိုယ်ပြန်လိုက်၊ သွားနှင့်ပြီ "

ဘာမှပြန်မမေးနိုင်သေးခင်မှာတင် ကားမောင်းကာထွက်သွားနှင့်ပြီဖြစ်သော ဝေးကွာနေသည့်ပုံရိပ်ကို နောက်မှသာကြည့်နေရင်း အံကိုကြိတ်ထားမိသည်။

ဘယ်ကဘယ်လိုဖြစ်သွားသည်ကို နားမလည်နိုင်သေးပေမယ့် ယခုအခြေအနေက ဆောနူအတွက်ရိုက်ချက်ပြင်းလှသည်။

ခဏအကြာ မည်းမှောင်လာသည့်တိမ်တိုက်တို့ကြား တဖွဲဖွဲကျဆင်းလာသည့် မိုးရေတို့ကိုကြည့်ရင်း မသဲမကွဲပြုံးလိုက်မိသည်။

" မနက်ဖြန်တော့ ဖျားလို့ ကျောင်းမတက်နိုင်လောက်တော့ဘူးထင်တယ်... "

------------














အိမ်သို့ရောက်တာနဲ့ သည်းကြီးမည်းကြီးရွာချပြန်သောမိုးကြောင့် စိတ်ကသတိရမိပြန်သည်။ ကလေးမှမဟုတ်တာ၊ ထီးတော့ပါမှာပါ။ ဆောနူဆီက ရှင်းပြချက်ကိုနားထောင်ချင်သော်လည်း ကိုယ့်စိတ်နဲ့ကိုယ်အလိုမကျနေ၍ရော ကျောင်းတွင် အခြားသူများက ဆောနူကိုပြောကြမည်ရောကို လက်မခံနိုင်၍ ခပ်တန်းတန်းသာပြောပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။

တကယ်တမ်းကျတော့လည်း မနေနိုင်စွာ ဘေးရှိ ဆောနူအိမ်သို့သာ စိတ်မချစွာဖြင့် အမြန်သွားလိုက်မိတော့သည်။ အိမ်သို့ရောက်တော့လည်း ပြန်မရောက်သေးဘူးဆိုတာကြောင့် ဆောနူမေမေ့ကိုခွင့်တောင်းပြီး အခန်းထဲ၀င်ကာ ထိုင်စောင့်နေရပြန်သည်။ သည်းလာသည့်မိုးသံ‌တို့ကြား အခန်းတွင်း သက်ပြင်းချသံတို့ကသာ ကြီးစိုးလျက်။

ထိုစဉ် ပွင့်လာသည့်တံခါးသံကြောင့် အမြန်ထကာကြည့်မိတော့ ကြွတ်စုတ်ကလေးသဖွယ် ခေါင်းစခြေဆုံးရွှဲရွှဲစိုနေသော ဆောနူ။ မနေနိုင်စွာပင် တဘက်တစ်ထည်အားယူအား အနားကိုပြေးသွားမိတော့ အံ့ဩစွာဖြင့် မော့ကြည့်လာသေးသည်။

" ကိုကို... "

" အခုချက်ချင်း ရေသွားချိုး၊ စိမ်မနေဘဲ အမြန်ချိုးပြီးထွက်လာခဲ့ "

𝐆𝐢𝐯𝐞 𝐌𝐞 𝐀 𝐂𝐡𝐚𝐧𝐜𝐞 [𝐇𝐄𝐄𝐒𝐔𝐍]Where stories live. Discover now