၃၁။ မုန်းခွင့်မရှိသူမင်းချနင်းသွားတဲ့ ဒီလူရဲ့နှလုံးသားက
အကြိမ်ကြိမ်ကျေမွနေပေမယ့်
မင်းကိုမြတ်နိုးတဲ့ ကိုယ့်ရဲ့နှလုံးသားလေးက
မုန်းဖို့အခွင့်ရေးမရှိခဲ့ပါဘူး
အလွမ်းတွေပြည့်နေတဲ့
ကိုယ့်နှလုံးသားထဲကို
မင်းရဲ့အချစ်လေပြေလေးများ
တိုက်ခတ်ပေးပါလား...
ချိုထက်မောင်(မြိတ်)၃၂။ ရင်ခွင်ဟောင်း
မင်းနင်းချေပြီး ချနင်းသွားတဲ့
ရင်ထဲက ဒဏ်ရာတွေက
အရင်လို ပြန်မကောင်းနိုင်ပေမယ့်
တခြားရင်ခွင်မှာ မင်းမပျော်တော့ရင်
ရင်ခွင်ဟောင်း ဆီပြန်လာခဲ့ပါ
မင်းကိုစောင့်ကြိုနေတဲ့
ရင်ခွင်လေးထဲကိုပေါ့...
ချိုထက်မောင်(မြိတ်)၃၃။ အချစ်ဒုက္ခ
မင်းကိုစွဲလမ်းတဲ့ကိုယ့်ရဲ့စိတ်က
အချစ်ဒုက္ခမဟုတ်ပါဘူး
ချစ်မိတဲ့ကိုယ်ကသာ
မင်းအတွက်အရာရာပါ
အမှန်တရားကခါးသက်ပေမယ့်
ရူးမိုက်စွာချစ်မိနေတာက
မင်းကိုစွဲလမ်းတဲ့ကိုယ့်ရဲ့စိတ်ပါ...
ချိုထက်မောင်(မြိတ်)၃၄။ အမုန်း
အမုန်းဆိုတဲ့စကားက
မင်းအတွက် ခါးသက်လိုက်မယ်
နာကျင်မှုမရှိဘဲမရင့်ကျင်တဲ့
မင်းနှလုံးသားက အမှန်ကို
လက်မခံနိုင်မှတော့
ဆက်ပြီးနာကျင်လိုက်တော့
ကောင်မလေးရေ...
ချိုထက်မောင်(မြိတ်)၃၅။ အရန်လူ
မင်းကိုချစ်တဲ့ငါက
မင်းနောက်မှာပေါ်တဲ့အရိပ်လို
လိုသုံးများဖြစ်နေတာလား
မင်းအတွက်ငါကအရန်လူ
မဖြစ်ချင်ပေမယ့်
အချစ်ဦးတော့ဖြစ်ချင်မိတယ်
ခလေးရေ...
ချိုထက်မောင်(မြိတ်)
![](https://img.wattpad.com/cover/345971225-288-k592519.jpg)