Poem

1 0 0
                                    

၃၆။ နှောင်

သံသယတွေများတဲ့အချစ်
ပြန်လှည့်လာမတောင်းပန်နဲ့
ထွက်သွားတဲ့မင်းအတွက်
နေစရာမရှိဘူး
မှားပြီးတဲ့နှောင်တတွေနဲ့
မျက်ရည်တွေမကျပြနဲ့
နားလည်းမှုတွေကတန်ဖိုးကြီးလွန်းတယ်...
             ချိုထက်မောင်(မြိတ်)

၃၇။ အရောင်များတဲ့အချစ်

ချစ်သူတို့ကမျက်နှာမများဘူး
နှင်းဆီမြင်လို့ခရေကိုမကြိုက်
ပိတောက်လိုတစ်ယောက်ပဲ
ချစ်ပြီးမှ မျက်နှာများမယ်ဆိုရင်
မချစ်ခင်အမုန်းစကား
ကြိုနားထောင်ထား အခုကတည်းက လှည့်ပြန်သွား...
                     ချိုထက်မောင်(မြိတ်)

၃၈။ တန်ဖိုး

ရင်ဘတ်ထဲက ချစ်တဲ့စိတ်တွေ
မရှိတော့တာမဟုတ်ဘူးကလေး
ကိုယ့်ရဲ့ အချစ်တွေကို
ထိုက်တန်တဲ့လူတွေကိုပေးမိလို့
တန်ဖိုးမဲ့သွားမှာကြောက်တာ
ရင်ထဲကအချစ်တွေကို
အပေါ်ယံပဲမင်းကိုပေးလိုက်တာ
Sorry ပါကလေး...
               ချိုထက်မောင်(မြိတ်)

၃၉။ တဖက်သတ်အချစ်
နားလည်ပေးရလွန်းလို့ချစ်မိတဲ့နှလုံးသားလေး
မင်းကြောင့်နာကျင်ရတာများနေပြီ
အလွမ်းဒဏ်ရာတွေမေ့ပျောက်ဖို့
ကြိုးစားတိုင်း ဒဏ်ရာတွေမင်းထပ်ပေးတယ်
တဖက်သတ်ချစ်မိတဲ့ငါက
သိပ်အပေါစားဆန်တယ်လို့မင်းထင်ရင်
နှောင်တတွေနဲ့မင်းနေခဲ့လိုက်တော့...
                     ချိုထက်မောက်(မြိတ်)

၄၀။ အချစ်အထာ

အမှတ်တမဲ့တွေ့လိုက်တဲ့မျက်ဝန်းတစ်စုံ
ရင်ခုန်မိတဲ့ ဒီမျက်ဝန်းတစ်စုံကြောင့်
လှိုင်းထသွားတဲ့ဒီရင်ခွင်မှာ
နှလုံးခုန်သံတွေမြန်နေပြီမို့
ဒီရင်ထဲမှာ အချစ်လှိုင်းတွေထန်နေပြီ
မင်းရဲ့မျှော်လင့်ချက်အထာလေးတွေနဲ့
ကိုယ်မျှော်နေမိတယ်ကွာ...
                ချိုထက်မောင်(မြိတ်)

Love poems for you Where stories live. Discover now