Poems

1 0 0
                                    

မှတ်ချက်။။ ၄၉ က အချစ်အလွမ်းပါ

၅၁။ ဘုရင်မ

လမ်းလျှောက်လိုက်တော့ နန်းဆန်တာ
မင်းပြုံးလိုက်တော့ မိုနာလီဇာ
စကားပြောပြန်တော့ ယဥ်ကျေးတာ
ကိုယ့်နှလုံးသားထဲက မင်းလေးပါ
ပြောပြချင်တဲ့ အကြောင်းအရာက
ကိုယ့်နှလုံးသားက ဘုရင်မလေးကို
သိပ်မြတ်နိုးတာတကယ်ပါ...
                  ချိုထက်မောင်(မြိတ်)

၅၂။ မျက်ရည်

မင်းလမ်းခွဲလိုက်လို့ နာကျင်စွာမျက်ရည်ကျပေမယ့်
နာကျင်မှုတွေကြားမှာ
လမ်းပျောက်မသွားပါဘူ
သိပ်ချစ်တဲ့မင်းလေးကြောင့်
မျက်ရာ်တွေကိုစတေးလိုက်ရပေမယ့်
အဲဒီ မျက်ရည်တွေကြောင့်
ဘဝကိုရှေ့ဆက်နိုင်သွားပြီ
လမ်းခွဲပေးလို့ ကျေးဇူးပါကလေး...
                   ချိုထက်မောင်(မြိတ်)

၅၃။ မိတ်ဆွေ

ရေစက်ပါလို့ ဆုံခဲ့တဲ့တို့နှစ်ယောက်
မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်
အချိန်ကြာလာတော့ သံယောဇဉ်ဖြစ်ပြီပေါ့
မိတ်ဆွေဆိုတဲ့ခေါင်းစဥ်အောက်မှာ
သံယောဇဉ်လေးတွေပါလာတယ်ဆိုတာ
မင်းကိုဘယ်လိုသိအောင်
ဖွင့်ပြောရမလည်းကွာ
လမ်းပျောက်နေပြီ ချစ်မိတ်ဆွေ...
              ချိုထက်မောင်(မြိတ်)

၅၄။ သူငယ်ချင်းအချစ်

ဘဝတစ်ကွေ့မှာ တွေ့ခွင့်ရတဲ့ငါတို့နှစ်ယောက်
သူစိမ်းတွေကနေ သူငယ်ချင်းဖြစ်သွားတော့
ရင်းနှီးမှုတွေနဲ့ သံယောဇဉ်ဖြစ်သွား ကြတယ်
မင်းဘက်က သူငယ်ချင်းဆိုပေမယ့်
ငါ့ဘက်ကတော့
သူငယ်ချင်းခေါင်းစဥ်အောက်ကနေ
ရုန်းထွက်ချင်နေမိပြီ
သူငယ်ချင်း မဖြစ်ချင်လို့မဟုတ်ဘူး
မင်းတန်ဖိုးထားတဲ့
အချစ် သူငယ်ချင်းလေးဖြစ်ချင်လို့ပါ...
            ချိုထက်မောင်(မြိတ်)

၅၅။ တည်ငြိမ်သူ

ချစ်သူမရှိတာမဟုတ်ဘူး
အချစ်ကိုမတွေ့သေးတာ
ရည်းစားမရှိတာမဟုတ်ဘူး
ချော့ရမှာ ဝါသနာမပါတာ
မချစ်တတ်တာမဟုတ်ဘူး
ကိုယ်သဘောကျမယ့်သူကိုမတွေ့သေတာ
တည်ငြိမ်နေတဲ့ ကိုယ့်ရဲ့ FA ဘဝထဲကို
မင်းအချစ်တွေ အလည်မလာပါနဲ့လား
လွမ်းရမှာ ကြောက်လို့ပါ...

             ချိုထက်မောင်(မြိတ်)

၅၆။ အစားထိုးမရတဲ့အချစ်

အသက်တွေ့လို့ ကျွန်တော့်ကို
ထားသွားတဲ့ မမကို
မေ့ဖို့လည်းမလွယ်သလို
မုန်းလည်းမမုန်းရက်ဘူး
အသည်းနက်အောင် ချစ်ရတဲ့ကျွန်တော်က
မရဲ့နေရာကို အစားထိုးဖို့
နောက်တစ်ယောက်နဲ့ အကြောင်းတိုက်ဆိုင်ခဲ့ရင်
မကိုချစ်တဲ့ အချစ်မျိုးကျွန်တော်
နောက်တစ်ယောက်ကို မပေးနိုင်တော့ဘူး
အစားထိုးဖို့နေရာမရှိလို့ပါ...
          ချိုထက်မောင်(မြိတ်)

၅၇။ ကိုယ့်ရဲ့ကလေးလေး

ညီမလေး ကိုယ်ကြီးကအသက်ကြီးပေမယ့်
အချစ်တွေမပျက်စီးသေးပါဘူး
စိတ်ဆိုး၊စိတ်ကောက်တာမင်းဝါသနာဆိုရင်
ပြန်ချော့ရမှာကကိုယ့်တာဝန်ပါ
ကလေးလေးအတွက် ကိုကြီးက
အချစ်မိုးလေးတွေရွာတိုင်း
အလွမ်းထီးလေးတစ်လက်လို
ကလေးလေးရဲ့အပါးမှာ
မိုးခွင့်လေးတော့ပြုပါ...
          ချိုထက်မောင်(မြိတ်)

၅၈။ မာနနဲ့လူ

အရင်လိုစကားတွေမပြောတော့ပဲ
မာနကြီးသွားတဲ့မင်းကို
သိပ်သတိရတယ်ကွာ
အရင်လိုပြန်ခေါ်ချင်ပေမယ့်
ကာဆီးထားတဲ့မာနလေးတွေကြောင့်
မင်းနဲ့ငါဝေးကွာခဲ့ပြီလေ
ကိုယ့်မှာမင်းလိုမာနလေးတွေရှိနေတော့
ပြန်ခေါ်ချင်တဲ့ဆန္ဒလေးတွေသာ
မင်းလေးအတွက် ဦးစားပေးခဲ့တာပါ...
            ချိုထက်မောင်(မြိတ်)

၅၉။ အလွမ်းဒဏ်ရာ

မင်းမချစ်ဘူးလို့ပြောတဲ့နေ့ကစပြီး
ဘာလုပ်လုပ်မင်းအကြောင်းတွေတွေးပြီး
ညဘက်ငိုရတာလည်းများနေပြီ
အလွမ်းကပေးတဲ့ဒဏ်ရာကသိပ်ပြင်းထန်တော့
ခံနိုင်ရည်ရှိတဲ့သူတောင်မနေနိုင်ဘူးလေ
မင်းကိုသိပ်ချစ်မှန်းသိလို့
ဒီလိုငြင်းလိုက်တာလားကွာ
မင်းကိုတွေ့ခွင့်မရနိုင်တော့ပေယ့်
လွမ်းခွင့်လေးတော့ရချင်မိတယ်...
           ချိုထက်မောင်(မြိတ်)

၆၀။ အဖြည့်ခံ နှလုံးသား

မင်းကိုချစ်ပေးတဲ့ လူရဲ့ရင်ကိုလည်း
မင်းဝင်ကြည့်ပေးပါအုံး
ချစ်ပေးရ၊အလိုလိုက်ရတာ
သိပ်ပင်ပန်းတယ်ဆိုတာ
မင်းကိုသိစေချင်တယ်
မင်းအတွက် အဖြည့်ခံဖြစ်ပေးရတဲ့
နှလုံးသားလေးမင်းကြောင့်
ဒဏ်ရာတွေနဲ့ ရင်ခုန်နေဆဲပါကွာ...
                ချိုထက်မောင်(မြိတ်)

Love poems for you Where stories live. Discover now