Poems

1 0 0
                                    


၆၁။ ဝေးကွာနေဆဲ

အစကတည်းက လွမ်းရမှာကြောက်လို့
ရည်းစားမထားခဲ့တာပါ
အချစ်ကိုတွေ့ပြန်တော့လည်း
လွမ်းရမယ့်ရက်တွေနဲ့ကုန်ဆုံးနေတော့
နီးရမယ်ဆိုတဲ့အတွေးလေးနဲ့
ဝေးကွာနေလိုက်အုံးပေါ့လေ
အရမ်းချစ်ခဲ့တာဆိုတော့...
          ချိုထက်မောင်(မြိတ်)

၆၂။ အငြိုးကြီးသူ

ချစ်သူတို့ကမျက်နှာမများဘူး
တစ်ယောက်ဆိုတစ်ယောက်ပဲ
မုန်းပြီဆိုရင်လည်း
သေလောက်အောင် တောင်းပန်နေလည်း
မင်းမျက်ရည်တွေအောက်မှာ
အားပျော့သွားမယ်မထင်နဲ့
ရှင်းရှင်းပြောရရင် မင်းရှိတဲ့
နေရာတွေမှာ မနေချင်လောက်အောင်
အငြိုးတွေကြီးတတ်နေပြီ
မုန်းသွားတာမဟုတ်ဘူးဆိုပေမယ့်
မင်းကြောင့်စိတ်ကုန်သွားတာ...
          ချိုထက်မောင်(မြိတ်)

၆၃။ ချစ်နေဖို့ပဲလိုတာ

ချစ်တယ်ဆိုတဲ့ စကားလုံးကို
လွယ်လွယ် မပြောစမ်းပါနဲ့
ဝတ်ကျေတမ်းကျေမဟုတ်ပဲ
ရင်ထဲကလာတဲ့စကားလုံးပဲကြားချင်တယ်မေ
ဘယ်လောက်ပဲ ဝေးဝေး၊နီးနီး
မင်းချစ်တယ်ဆိုရင်
အမှုအရာလေးကအစ
သိမ်မွေ့တဲ့စကားလုံးများပြောတဲ့
နှုတ်ခမ်းလေးကအဆုံး
အားလုံးကို ချစ်နေဖို့လိိုတယ်
ဝေးကွာသွားချိန်တောင်မှ
အတိရနေတဲ့အချစ်မျိုး
ဖြစ်နေရမယ်မဟုတ်လား...
        ချိုထက်မောင်(မြိတ်)

၆၄။ မင်းဖြစ်နေလို့

ခင်ဗျားကိုမှချစ်မိတဲ့ ကျွန်တော်က
အချစ်တွေသိပ်ပေါနေတယ်လို့မထင်လိုက်နဲ့
ကိုယ့်ရဲ့ ပထမဦးဆုံးအချစ်ဦးက
မင်းဖြစ်နေလို့ ကိုယ့်ရဲ့
နှလုံးသား လေးမှာစွဲကျန်နေတာပါ
အညတရ နှလုံးသားလေး
မင်းဆီပါသွားလို့ ပြန်ပေးပါလား...
         ချိုထက်မောင်(မြိတ်)

၆၅။ ဖွင့်ပြောခွင့်မရှိသူ

မင်းအသံကြားရရင်မနေတတ်တဲ့ငါ
မင်းကိုမမြင်ရရင် လွမ်းတတ်တဲ့ငါ
မင်းကိုချစ်ပါလျက် ဖွင့်ပြောခွင့်မရှိမှတော့
တိတ်ဆိတ်ချင်းတွေနဲ့ နာကျင်ရပါတယ်လေ
ဖွင့်ပြောခွင့်မရမှတော့
တိတ်တိတ်ကလေး လွမ်းနေရုံပဲပေါ့...
          ချိုထက်မောင်(မြိတ်)

၆၆။ လွမ်းခွင့်လေ

မင်းကိုချစ်ခဲ့တာက
ဝေးခဲ့ဖို့ချစ်ခဲ့တာမှမဟုတ်ပဲ
မြတ်နိုးခဲ့လို့ချစ်တာတော့
မင်းသိချင်မှသိလိမ့်မယ်
ကိုယ်ကတော့ ဖွင့်ပြောဖို့
မဖြစ်နိုင်တော့တဲ့ အခြေအနေတွေကြောင့်
လွမ်းခွင့်လေးနဲ့
ကျေနပ်လိုက်ရတယ်ဆိုပေမယ့်
မင်းလေးကိုမြတ်နိုးခဲ့တယ်ဆိုတာ
ယုံပေးပါ...
          ချိုထက်မောင်(မြိတ်)

၆၇။ Heart Stone

လိုအပ်တဲ့အချိန်မှာ မင်းခေါ်သုံးလိုက်
မလိုအပ်တော့ရင်လည်း နင်းချေလိုက်နဲ့
နာကျင်မှုတွေပြည့်နေတဲ့ ဒီဒဏ်ရာတွေက
မင်းပေးလို့ရခဲ့တဲ့ ဒဏ်ရာတွေပါပဲ
တခြားရင်ခွင်က စွန့်ပစ်လိုက်လို့
ဒီရင်ခွင်မှာလာခိုလှုံတဲ့မင်းက
ငါ့ကိုအရူးလို့ထင်လိုက်တာလား
မင်းလိုမှ သုံးရအောင်
ငါ့နှလုံးသားက Stone မဟုတ်ဘူး...
          ချိုထက်မောင်(မြိတ်)

၆၈။ ထာဝရအချစ်

မင်းကိုချစ်တဲ့ငါက မင်းကို
ဂုဏ်ပကာသနတွေမက်လို့
ချစ်ခဲ့တာမဟုတ်သလို
လှလို့ချစ်ခဲ့တာလည်းမဟုတ်ဘူး
မင်းရဲ့အသေးအဖွဲ့လေးကအစ
မြတ်နိုးတန်ဖိုးထားလို့
အရာရာမက်မောလို့ချစ်ခဲ့တာ
ခဏတာအတွက်မဟုတ်ဘူး
ထာဝရအတွက်ပါချစ်သူ...
          ချိုထက်မောင်(မြိတ်)

၆၉။ ချစ်ကြည့်ပါ

FA ဆိုတဲ့ကိုယ့်ဘဝက
အများအမြင်တော့ သိပ်အထီးကျန်တာပေါ့
စော်မရှိတဲ့ခံစားချက်ကြီးကို
FA ဘဝတူတွေပဲသိမှာပါ
ကိုယ်ကရင့်ကျင့်တည်ငြိမ်သလို
အချစ်လည်းကြီးပါတယ်
ဝင်ငွေရှိသလိုအလုပ်အကိုင်လည်းရှိတယ်လေ
မင်းလိုအပ်တဲ့အချစ်တွေကို
ဘယ်မှာမှမရှာနဲ့ မရှိနိုင်ပါဘူး
Single တွေမှာပဲရှိတာပါ
Single တွေကိုချစ်ကြည့်ပါ
သိပ်ချစ်ဖို့ကောင်းတဲ့ FA တွေပါ..
          ချိုထက်မောင်(မြိတ်)

၇၀။ အသည်းကွဲမိုး

အရင်က အရမ်းချစ်ပါတယ်လို့
ပြောတဲ့မင်းကအခုတော့
အေးစက်လွန်းလိုက်တာ
မင်းနဲ့ငါက နေနှင့်လလို
သိပ်လိုက်ဖက်တယ်လို့ပြောတဲ့
ပတ်ဝန်းကျင်တောင်
မိုးပြေးတွေနဲ့အတူ တိတ်ဆိတ်နေပြီလေ
မင်းကအေးစက်သွားပေမယ့်လည်း
အလွမ်းမိုးပြေးတွေနဲ့အတူ
ညတိုင်းငါငိုနေဆဲပါ
မင်းဟာငါ့ရဲ့အသည်းကွဲမိုးပါပဲ...
          ချိုထက်မောင်(မြိတ်)

Love poems for you Where stories live. Discover now