Poems

3 0 0
                                    

၇၁။ ဧည့်သည်

ဧည့်သည် တစ်ယောက်လို
အလည်လာတဲ့မင်းရဲ့အချစ်က
အိမ်ရှင်ဆိုတဲ့ ကိုယ့်နှလုံးသားကို
လှုပ်ရှားသွားခဲ့တယ်
အိမ်ရှင်ဖြစ်တဲ့ကိုက
ဧည့်ဝတ်မကျေခဲ့ရင်
သူစိမ်းတစ်ယောက်လို
မုန်းတီးသွားမှာကြောက်လို့
မင်းအတွက် အိမ်ရှင်တာဝန်ကျေခဲ့ပါတယ်ကလေး...
      မောင်(ရင်တွင်းဖြစ်)

၇၂။ မချစ်ချင်တော့ဘူး

အရမ်းကြီးချစ်တတ်လာအောင်
သင်ပေးခဲ့တာလည်းမင်းပဲ
အရမ်းကြီးသဝန်တိုတတ်လာအောင်
သင်ပေးခဲ့တာလည်းမင်းပဲ
အရမ်းလွမ်းတတ်လာအောင်
သင်ပေးခဲ့တာလည်းမင်းပဲ
အရမ်းကြီးခံစားတတ်လာအောင်
သင်ပေးခဲ့တာလည်းမင်းပါပဲ
အရမ်းကြီးနာကြည်းသွားအောင်လည်း
မင်းပဲသင်ပေးခဲ့တာ
တော်ပါပြီမချစ်ချင်တော့ဘူး
လွမ်းချင်တော့ဘူး၊မခံစားချင်တော့ဘူး
တစ်ယောက်ထဲ နေတတ်အောင်ပဲကြိုးစားတော့မယ်
ဒါမင်းအတွက်သင်ခန်းစာတစ်ခုပေါ့...
        ချိုထက်မောင်(မြိတ်)

၇၃။ မေ့လို့မရတဲ့ဒဏ်ရာ

မင်းလူတစ်ယောက်ကို မင်းထက်ပိုချစ်လျှင်
သေချာတယ် မင်းအရမ်းခံစားရလိမ့်မယ်
ဒါဆိုမချစ်င့်ဘူးလို့လည်းမဟုတ်ပြန်ဘူး
ချစ်တော့ချစ်ပါ အရမ်းကြီးမချစ်ပါနဲ့
နာကျင်ရမှာကိုယ့်လောက်ဘယ်သူသိနိုင်မှာလည်း
သေလောက်အောင် အသည်းကွဲနေတယ်လို့ဆိုပြီး
ထိုင်ငိုနေလည်း ခံစားရတဲ့ဝေဒနာက
ပျောက်ကင်းသွားတဲ့အရာမဟုတ်ဘူးလေ
ဒါကြောင့်ချစ်ပါ၊လွမ်းပါ
အရမ်းကြီး မမက်မောမိစေနဲ့
မင်းအတွက် အဆုံးသတ်က
နာကျင်မှုတွေပဲဖြစ်လိမ့်မယ်...
          ချိုထက်မောင်(မြိတ်)

၇၄။ မုန်းလို့မရတဲ့အလွမ်း

ချစ်ကံခေလို့ချစ်ခွင့်မရှိတဲ့ဘဝမှာ
အထီးကျန်စွာဖြတ်သန်းရတဲ့ဘဝက
ခါးသီးလွန်းတာမှန်ပေမယ့်
မင်းကိုလွမ်းတဲ့ ငါ့ရဲ့စိတ်ကို
မုန်းလို့ရရင်မုန်းချင်တယ်
ဟန်ဆောင်ချစ်ခဲ့တဲ့ မင်းရဲ့အချစ်က
မစစ်မှန်ခဲ့ပေမယ့် ငါကတော့
မင်းကိုအချစ်စစ်တွေပေးခဲ့တော့
မင်းအတွက် အပိုဖြစ်သွားတဲ့
အသုံးဆောင် ပစ္စည်းတစ်ခုလို
တန်ဖိုးမဲ့သွားပြီလားကွာ...
          ချိုထက်မောင်(မြိတ်)

Love poems for you Where stories live. Discover now