Poem

1 0 0
                                    


၄၁။ အလွမ်းမျက်ရည်

ငါ့အတွက်မင်းမျက်ရည်မကျပါနဲ့
ငါ့အတွက်မင်းမလွမ်းပါနဲ့
မင်းလေးကငါ့အတွက်
တန်ဖိုးကြီးလွန်းတဲ့သူမို့လို့
အရာရာအဖိုးတန်တာပါ
တဖက်သတ်ဆန်တဲ့ ကိုယ့်အချစ်တွေကို
မင်းနားလည်ပေးပါကွာ...
                 ချိုထက်မောင်(မြိတ်)

၄၂။ ဝဋ်ကြွေး

မင်းစွန့်ပစ်ထားခဲ့တဲ့ ဒီရင်ခွင်က
အချစ်ကံမပါဘူးထင်ပါရဲ့
အသည်းကွဲဒဏ်ရာတွေပဲရနေလို့
နာကျင်မှုတွေကပေးတဲ့ဒဏ်ရာတွေနဲ့
ဘဝရဲ့ခါးသက်တဲ့ကံကြမ္မာတွေက
မင်းပေးတဲ့ ဒဏ်ရာများထဲမှာ
အချစ်ရဲ့ဝဋ်ကြွေးတစ်ခုလိုဖြစ်နေပြီ...
              ချိုထက်မောင်(မြိတ်)

၄၃။ ဆုံဆည်းခွင့်

မင်းနဲ့ဆုံဆည်းခွင့်ပေးတဲ့
ကံကြမ္မာကိုလည်းကျေးဇူးတင်တယ်
ဒဏ်ရာတွေပေးပြီးထွက်သွားတော့
ဆုံဆည်းခွင့်ပေးတဲ့
ကံကြမ္မာကိုလည်းကျေးဇူးတင်တယ်
အမုန်းတရားတွေကိုသင်ပေးတဲ့မင်းလေးကြောင့်
အကြိမ်ကြိမ်နာကျင်မိတဲ့ဒီနှလုံးသားမှာ
င့်ကျင့်မှုတွေကိုအစားထိုးထားနိုင်ခဲ့ပြီလေ...
               ချိုထက်မောင်(မြိတ်)

၄၄။ မပြည့်စုံတဲ့သူ

ကိုယ်မြတ်နိုးတဲ့သူကပဲ
ကိုယ့်ကိုနာကျင်မှုတွေပိုပေးတယ်
လောကကြီးကဘာကြောင့်များ
အချစ်ကြောင့်နာကျင်မှုတွေများနေရတာလည်း
ကိုယ်ကမပြည့်စုံတဲ့သူမို့
မင်းထားပစ်ခဲ့တယ်ဆိုရင်လည်း
မျက်ရည်နဲ့ဖြေသိမ့်ယုံပဲမို့
ပိုပြီးနာကျင်မိတယ်ကွာ...
                ချိုထက်မောင်(မြိတ်)

၄၅။ တစ်ဘဝစာ

အချစ်ကိုမခံစားဖူတဲ့ငါက
မင်းလေးကိုချစ်ခဲ့ပါတယ်
မင်းဆီကမျှော်လင့်ချက်မပါဘဲ
အသည်းနက်အောင်ချစ်ခဲ့ပေမယ့်လည်း
မင်းပေးခဲ့တဲ့အမုန်းဒဏ်ရာက
အပေါ်ယံရှုပ်ထိသွားခဲ့ပေမယ့်
တစ်ဘဝစာအတွက်အမုန်းဒဏ်ရာများစွာနှင့်
ဒီရင်မှာနင့်နေအောင်ကျန်ခဲ့ပြီလေ...
               ချိုထက်မောင်(မြိတ်)

၄၆။ နှက်သိမ့်သောသူ

မင်းမျက်နှာလေး ငြိုးသွားမှာကြောက်တဲ့ငါက
အနေအထိုင်ဆင်ခြင်ခဲ့တယ်
မင်းစိတ်ဆိုးသွားမှာကြောက်တဲ့ငါက
မင်းအလိုကိုလိုက်ခဲ့တယ်
မင်းကတော့ပျော်ရွင်သွားပေမယ့်
မင်းကိုနက်သိမ့်ပေးတဲ့ဒီလူမှာတော့
ပျော်ရွှင်မှုတွေက ပျောက်ဆုံးလို့နေပြီလေ...
              ချိုထက်မောင်(မြိတ်)

၄၇။ အပေါ်ယံလူ

မင်းကိုသေလောက်အောင်ချစ်တဲ့ဒီလူက
မင်းကိုချစ်လွန်းလို့ အရာရာသည်းခံပေမယ့်
အပေါ်ယံလိုလာမချစ်ပါနဲ့
အပေါ်ယံဆိုတာရေပေါ်ဆီလိုပဲ
ဘာမှအသုံးမဝင်ပါဘူး
မင်းထားခဲ့လို့ ဒူးထောက်အရှုံးပေးတဲ့ထဲမှာ
ငါမပါဘူးကောင်မလေး...
              ချိုထက်မောင်(မြိတ်)

၄၈။ မာန

ချစ်လွန်းလို့ အလျော့ပေးထားတာကို
အတယ်လို့ မထင်လိုက်ပါနဲ့
မင်းနင်းချေလိုက်တဲ့ ဒီလူရဲ့နှလုံးသားက
စက်ရုပ်လိုခံစားချက်မမဲ့ပါဘူး
ခံစားချက်တွေကုန်တဲ့တစ်နေ့
ရင်ထဲကနာကျင်မှုတွေက
ဒေါသမာနအဖြစ် ပေါက်ကွဲထွက်လာမှ
ရက်စက်တယ်လို့ မပြောနဲ့
အသုံးမဝင်တော့ဘူး...
            ချိုထက်မောင်(မြိတ်)

၄၉။ ဘုရင်မ

မနေနိုင်အောင် သတိတွေရတော့
ပြောမပြနိုင်အောင် လွမ်းကြတာပေါ့
အကဲပိုအောင် သဝန်တိုတော့
နားလည်မှုတွေ လွဲပြီပေါ့
ပြောမပြတတ်အောင် မုန်းသွားတော့
ဒီရင်မှာ နာကျင်ရပြီလေ
နာကျင်ရတဲ့ အလွမ်းဝေဒနာ
နာကျင်မှသိခဲ့ရတယ်
အပြန်အလှန် နားလည်မှုဆိုတာ
အချစ်ဆိုတဲ့ကြားခံနယ်တစ်ခုသာ
လိုအပ်တာပါ...
           ချိုထက်မောင်(မြိတ်)

၅၀။ အလွမ်းလေပြေ

မင်းနဲ့တစ်နာရီလောက်ဝေးတာက
ကိုယ့်အတွက်တော့ သိပ်ကိုခက်ခဲတယ်
မင်းကကိုယ့်ရဲ့ဘုရင်မ ဟုတ်သလို
ကိုယ့်ရဲ့ဝိညာဥ်လည်းဖြစ်တယ်ဆိုတာ
ဝေးကွာသွားတဲ့ အချိန်အတွင်းမှာ
လေပြေလေးများက ကိုယ့်ကို
တန်ဖိုးရှိစွာပြောနေလေရဲ့...
             ချိုထက်မောင်(မြိတ်)

Love poems for you Where stories live. Discover now