Chapter- 2

2K 62 0
                                    

ရှောင်ကျန့်တစ်ယောက် ပါးစပ်က ပွစိပွစိပြောရင်းနဲ့ဘဲ ကျန်းချန်စီကို ရောက်သွားသည်။

*တင်းတောင် တင်းတောင်*

ဘဲလ်တီးလိုက်တော့ အတွင်းကကျန်းချန်က တံခါးကို ဖွင့်ပေးသည်။

"ဟာ ရှောင်ကျန့် အလည်လာတာလား။ ဒါနဲ့ မင်းအက်ျီက....."

ကျန်းချန်က ပြောလိုက်တော့ ရှောင်ကျန့်ရဲ့ နှုတ်ခမ်းလေးက သိသိသာသာကို ဆူလာသည်။

ကျန်းချန်လဲ ကိုယ့်သူငယ်ချင်းအကြောင်းကို သိနေတာမလို့ ဘာမှမပြောဘဲ အိမ်ထဲကိုသာ ဝင်ခိုင်းလိုက်တယ်......

"ရော့ ငါ့အက်ျီခဏဝတ်"

ထိုအခါ ရှောင်ကျန့်တစ်ယောက် ချစ်စရာကောင်းတဲ့ ယုန်သွားလေးတွေပေါ်အောင်အထိ ပြုံးပြလိုက်သည်

"အကောင်းဆုံး သူငယ်ချင်းဘဲ"

ပြုံးရင်း လက်မ​ေလးထောင်ကာ ချီးကျူးလိုက်သည်။

သူငယ်ချင်း နှစ်ယောက် မုန့်စားလိုက် ဂိမ်းဆော့လိုက်နှင့် အဆင်ပြေနေကြသည်။ ကျောင်းပိတ်ရက်မို့လို့ နှစ်ယောက်လုံး အားနေကြသည်။

"ရှောင်ကျန့် အဲ့အလုပ်ကို ဆက်မလုပ်ပါနဲ့တော့လား"

ရှောင်ကျန့်ရဲ့ ဂိမ်းကစားနေတဲ့လက်ကလေးတွေဟာ ချက်ချင်းကို ရပ်သွားသည်။

"မလုပ်လို့မှ မရတာ~~"

ဝမ်းနည်းတိုးလျတဲ့ အသံလေးဖြင့် ပြန်ပြောလာလိုက်သည်။ ညတိုင်း အရက်ဘားမှာ စားပွဲထိုး အလုပ်ကိုလုပ်နေသည်။

တခြားသူတွေနဲ့မတူဘဲ မိန်းကလေးထက် ပိုချစ်ဖို့ကောင်းပြီး ပိုလှတဲ့ ရှောင်ကျန့်ဟာ ယောက်ျားတွေရဲ့ နှောင့်ယှက်မှုကို အမြဲခံရသည်။

သို့ပေမယ့် အဒေါ်ဖြစ်သူရဲ့ အကြွေးတွေကြောင့် ထိုဘားမှာ အလုပ်လုပ်နေရသည်​။ ငြင်းဆန်လို့လည်း မရတာကြောင့် စိတ်မပါဘဲ ထိုအလုပ်ကို လုပ်နေရသည်။

"ငါပြန်တော့မယ်...... အလုပ်သွားရမှာမေ့နေလို့"

ပြောပြောဆိုဆို ထပြန်သွားတာကြောင့် ကျန်းချန်ခမျာ သူ့ကိုသူစိတ်ဆိုးမိသည်။

The Height Boss is My HusbandWhere stories live. Discover now