Chapter 15

368 24 4
                                    

ရှောင်ကျန့်နိုးလာတော့ ခေါင်းဟာ အဆက်မပြတ် ထိုးကိုက်နေမှုကြောင့် မျက်ခုံးတန်းလေးတွေဟာ စုကြုံ့သွားသည်။

အားယူပြီး မျက်လုံးအားဖွင့်ကြည့်မိတော့ အဖြူရောင်မျက်နှာကြက်ကို တွေ့လိုက်ရသည်။ ဒါဟာ ဉီးအိမ်မှာမဟုတ်မှန်း တန်းသိလိုက်သည်။

အလျင်အမြန်ထထိုင်လိုက်တော့ အောက်ပိုင်းနာကျင်မှုကြောင့် ရှောင်ကျန့်မျက်လုံးတွေပြာဝေသွားသည်။

ထိုစဉ် ဝင်လာသော လူတစ်ဉီး။ ထိုလူက ဉီးနဲ့အလုပ်လုပ်တဲ့ ကိုကိုဆိုတာ ရှောင်ကျန့်သိလိုက်သည်။

"သခင်လေး သတိရနေပြီ!"

ထိုလူက ပြာပြာသလဲ သူ့အနားကို ရောက်လာပြီး

"သခင်လေး နေလို့အဆင်ပြေရဲ့လား။ တစ်ခုခုများ နာကျင်နေတာ ရှိသေးလား။ မဖြစ်ပါဘူး ဆရာဝန်တွေ ခေါ်မှဘဲ။ ပြီးရင် bossကို ဖုန်းဆက်ရမယ်"

ပြောပြီး ချက်ချင်းပြန်ထွက်သွားသောလူကြောင့် ကျန့်ကျန့်လေးခမျာ ပြူးကြောင်ကြောင်လေး ကျန်နေခဲ့ရရှာသည်။ ထိုအရာထက် သူတွေ့ချင်သူ တစ်ဉီးသာရှိသည်။

*ဉီးက ဘယ်မှာလဲ....*

ခဏနေတော့ ဆရာဝန်တွေနဲ့အတူ ဟိုလူက ပြန်ဝင်လာသည်။

"နေရထိုင်ရတာ ဘယ်လိုနေသေးလဲ"

"အဆင်ပြေပါတယ်"

"အခုလောလောဆယ် ဆေးရုံမှာ ဆက်နေပေးပါအုံး ၁ပတ်လောက်မေ့နေတာ အခုမှသတိရတယ်ဆိုတော့ ကုသမှုတချို့ကို ခံယူဖို့ လိုအပ်သေးတယ်"

"ဘ ဘယ်လို။ ကျန့်ကျန့် မေ့နေတာ ၁ပတ်ရှိပြီ!"

"ဟုတ်တယ် ကောင်လေး မင်းဒီဆေးရုံမှာတင်ကို သတိလစ်နေတာ ၁ပတ်ရှိပြီ အင်း....ဝမ်အိမ်တော်မှာရောကဆိုရင် အနည်းဆုံး ၁၀ရက်ရှိပြီ"

"ဗျာ!!?"

ရှောင်ကျန့်လေးခမျာ ဘာမှမပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေရရှာတော့သည်။

သူ...တော်တော်ကြာကြာ သတိလစ်နေတာဘဲ

"ဉီး...ဉီးရောဟင်....ဉီးကို ခေါ်ပေးပါ ဒီက ကိုကို ကျန့်ကျန့်ရဲ့ ဉီးကို ခေါ်ပေးပါ ဟင့်"

The Height Boss is My HusbandWhere stories live. Discover now