ရိပေါ် တဖန်အိပ်ပျော်သွားပြန်သော ပေါင်ပေ့လေးကို ကြည့်ပြီး နဖူးလေးအား မြတ်နိုးစွာနမ်းလိုက်သည်။ ထို့နောက် သန့်ရှင်းရေးလက်ပေး၊ အဝတ်အစားတွေလဲပေးကာ ပွေ့ချီပြီး အခန်းထဲက ထွက်လာလိုက်သည်။
ထို့နောက် အိမ်ကိုပြန်လာလိုက်သည်။ အိမ်ကိုပြန်လာတဲ့တစ်လျှောက် ပေါင်ပေ့ကို ပွေ့ထားတာလုံးဝမလွှတ်။ ကားမောင်းတော့လည်း ပွေ့ရက်ကလေးပင်။ ယုန်ပေါ်ကတော့ ဇိမ်ကျစွာနဲ့ အိပ်ပျော်နေသည်မှာ တချက်မှမနိုး။
ရိပေါ်ကားလေးဟာ သူ့အိမ်ရောက်တာနဲ့ အိမ်ထဲက လုဟောင်၊ ယန်းလီနဲ့ မင်ကြွယ်တို့က အိမ်ထဲကနေပြေးထွက်လာကြပြီး ရိပေါ်အား လာကြိုကြသည်။ ယန်းလီက ဝမ်းသာအားရ နှုတ်ဆက်ဖို့ပြင်ပေမယ့် ရိပေါ်ရင်ခွင်ထဲ ကောင်လေးကိုမြင်တော့ ယန်းလီ မျက်နှာပျက်သွားရသည်။
"အဟက်! ကျနော့်ရဲ့မရီးလား ကော"
လုဟောင်က ရိပေါ်အားပြောလိုက်တော့ ရိပေါ်က ပြုံးစစဖြင့် ပြောလာသည်။
"အင်း ဟုတ်တယ်။ ဘယ်လိုလဲ ချစ်ဖို့မကောင်းဘူးလား"
"ဟင်း.....ချစ်ဖို့ကောင်းပါတယ်ဗျာ။ နော့ ဖန်းကော"
လုဟောင် တမင်သက်သက် မျက်နှာပျက်နေသော ယန်းလီအား ပြောလိုက်သည်။
"ဟုတ် ဟုတ်တာပေါ့။ ကောနဲ့ လိုက်ပါတယ်"
ယန်းလီ ကျလုစဲစဲမျက်ရည်များကို ထိန်းရင်း ပြန်ဖြေလိုက်သည်။ အမှန်တကယ်ဆို ရင်ထဲ ချိနေအောင်နာကျင်ရသည်။ ဒါပေမယ့် ဝမ်ကောကတော့ မသိသည့်အလား နေနေသည်။
"ကော ကျနော် အ အပြင်သွားလိုက်အုံးမယ်"
ပြန်ဖြေသံအား ယန်းလီနားမထောင်ဘဲ ပြေးထွက်သွားတော့သည်။
"ဟေ့ရောင် လိုက်သွား"
ရိပေါ်လည်း ပြောပြီးသည်နှင့် ပေါင်ပေ့လေးနှင့်အတူ မိမိအိပ်ခန်းစီကို တက်လာလိုက်သည်။ လုဟောင်ဟာလည်း ပြေးထွက်သွားသော ဖန်းကောနောက်ကို လိုက်သွားလိုက်သည်။ ယန်းလီ မျက်ရည်များဖြင့် ပြေးနေမိသည်။
ထိုအချိန် လက်ကိုနောက်ပြန်ဆွဲခံလိုက်ရပြီး နွေးထွေးလှသည့် ရင်ခွင်တစ်ခုထဲသို့ ရောက်သွားသည်။
YOU ARE READING
The Height Boss is My Husband
RomanceWarning!!! ရှယ်အမ်းပြီး ပေါင်ပေ့လေးကို အလိုလိုက်တဲ့ Hight Bossကြီး ဝမ်ရိပေါ်နှင့် Hight Bossကြီးရဲ့ အသည်းအသက် ပေါင်ပေ့လေးဖြစ်တဲ့ ရှောင်းရှောင်ကျန့်💓