ရိပေါ် ကားစထွက်ကတည်းက သူ့ပေါင်ပေ့ရဲ့ မျက်နှာလေးကိုဘဲ ထိုင်ကြည့်ကာ နေနေသည်။ မင်ကြွယ်ကတော့ bossဖြစ်သူရဲ့ ပုံစံကြောင့် အမှည့်လွန်နေသော သရက်သီးဖင်ကဲ့သို့ ဖြစ်နေတော့သည်။
"ဉီး!"
ရိပေါ်တစ်ယောက် ပေါင်ပေ့ရဲ့ အသံဆူးဆူးလေးကြားမှ အသိစိတ်ပြန်ဝင်လာတော့သည်။ ဘာလို့ အသိစိတ်လွတ်နေလဲလာမမေးနဲ့ ပေါင်ပေ့ရဲ့အကြောင်းတွေ တွေးနေလို့
"ဘာလို့လဲ ပေါင်ပေ့"
သူကမေးတော့ မျက်လုံးလေးကလည်ကလည်နဲ့ နှုတ်ခမ်းလေးဆူကာ ဖြေရှာသည်။
"ကျန့်ကျန့်ကို တကယ် လက်ထက်မှာလားဟင်"
ဖြေလာသည့် စကားလေးကြောင့် ရိပေါ် အသံထွက်အောင် ရယ်လိုက်သည်။ ရိပေါ် ပေါင်ပေ့ရဲ့ ဆံပင်လေးတွေကို ဆွဲဖွရင်း
"ဟားဟား ကိုယ်က မင်းလေးကို ဘယ်လောက်ထိချစ်ကြောင်း ပြောလို့ရင် မင်းလေး ဆေးရုံရောက်သွားမလားဘဲ"
"ဗျာ....ဘာလို့လဲ"
"ကုတင်ပေါ်က ဆင်းခိုင်းမှာ မဟုတ်လို့ဘဲ"
ရိပေါ်စကားကြောင့် ရှောင်ကျန့်ရဲ့ မျက်နှာလေးရဲခနဲ။
"ခ ခများကလည်း....အရှေ့မှာ ကားမောင်းတဲ့ အ အကိုပါနေတာကို"
ရိပေါ် မင်ကြွယ်ကိုကြည့်လိုက်တော့ နားထင်မှာ ချွေးတွေစို့နေပြီး မျက်နှာကြီးက ရဲနေသည်။ ရိပေါ် ခေါင်းထဲ အတွေးတစ်ခု ဝင်လာပြီး
"မင်ကြွယ်! ကားရပ်!"
ရိပေါ်စကားကြောင့် ရှောင်ကျန့်ရော မင်ကြွယ်ပါ အကြောင်သားဖြစ်သွားရသည်။
"ဗျာ boss ဘာလို့လဲ"
"လျှာမရှည်နဲ့ ရပ်ဆိုရပ်!"
ပြန်ပြီး မေးခွန်းထုတ်မိတော့ လူသတ်တော့မယ့် အကြည့်တွေနဲ့။ ဒါ့ကြောင့် မင်ကြွယ် ကိုယ့်လျှာကိုပြန်ကိုက်ကာ bossရဲ့ အလိုကျ ဘေးနားကို ချရပ်ပေးလိုက်သည်။
"မင်း ကားပေါ်ကဆင်း။ ငါဆက်မောင်းသွားမယ်"
ပြန်မေးဖို့ ပြင်လိုက်ပေမယ့် လူသတ်ငွေ့တွေထွက်နေတဲ့ bossကြောင့် ပါးစပ်လေးပိတ်ပြီး ကားပေါ်ကနေ ဆင်းလိုက်သည်။ မကြာပါ သူကားပေါ်က ဆင်းကာရှိသေး အမြန်ဆုံးအရှိန်နှင့် ကားကိုမောင်းနှင်သွားသော boss။
YOU ARE READING
The Height Boss is My Husband
RomanceWarning!!! ရှယ်အမ်းပြီး ပေါင်ပေ့လေးကို အလိုလိုက်တဲ့ Hight Bossကြီး ဝမ်ရိပေါ်နှင့် Hight Bossကြီးရဲ့ အသည်းအသက် ပေါင်ပေ့လေးဖြစ်တဲ့ ရှောင်းရှောင်ကျန့်💓