Chapter 13🔞

928 22 1
                                    

"ဝမ်လုဟောင်!....မင်းပြောစမ်းမင်းအပေါ်လား အောက်လား!!"

"ဟမ်"(×3)

ရိပေါ်စကားကြောင့် အားလုံးပါးစပ်အဟောင်းသား။ ရှောင်ကျန့်လေးကတော့ ဖြစ်သမျှ ဘာမှနားမလည်ဘဲ ဟိုဘက်က အကို၂ယောက်ကိုကြည့်လိုက် ဉီးကိုကြည့်လိုက်နဲ့ပင်။ လုဟောင်နဲ့ယန်းလီမှာတော့ ဘာပြောရမှန်းမသိဘဲ ခေါင်းကုတ်မိသည်။

"ထစမ်း!!"

"အာ့....ကော"

စိတ်မရှည်တော့သည့်ရိပေါ်က လုဟောင်ရဲ့ အင်္ကျီကော်လံကို ဆွဲကာ ဇွတ်မတ်တပ်ရပ်ခိုင်းသည်။ မနေ့ညက daddyလုပ်ထားသည့်အရှိန်က မသေသေးသည်ကြောင့် ရုတ်တရက်ဆိုတော့ အောက်ပိုင်းက အောင့်ကနဲ။

"မင်း...မင်း အောက်ကခံလာရတယ်ပေါ့!"

လည်ပင်းက အချစ်အမှတ်အသားတွေကိုမြင်ပြီး ရိပေါ်ဒေါသကြီးစွာ ပြောလိုက်သည်။ ထင်တော့ ထင်တယ် ဝင်လာကထဲက ဘာကဘာဆိုတာ ရိပ်မိတယ်။ ဒါပေမယ့် အနည်းငယ်တော့ မေးမြန်းချင်သေးတာကြောင့်လည်း အခုလိုလုပ်နေချင်းပင်။

"ဟင့်...ကော အဲ့တာက"

ငယ်ငယ်ကတည်းက ကော ဒေါသထွက်ရင် အလွန်ကြောက်သူဖြစ်တာကြောင့် ကောရဲ့ဒေါသသံကြားတာနဲ့ လူက မျက်ရည်ကျပြီးသား။

"အီးဟီး....daddyရေ...အူဝါး...."

"baby! ကော ကျနော် တကယ် တကယ်ကိုတောင်းပန်ပါတယ်ဗျာ။ ဒါပေမယ့်လေ ကျနော် babyကို လက်လွှတ်မှာမဟုတ်ပါဘူး။ အခု ကော ဒေါသထွက်မယ်မှန်းသိပါတယ်။ ဒါမယ့် babyကို ကျနော်ပြန်ခေါ်သွားပါရစေ"

လုဟောင် မျက်ရည်ကျကာရှိသေး ပြာယာခတ်နေသော ယန်းလီရယ်ပါ။ ရိပေါ်ကတော့ ဒေါသတွေတလိပ်လိပ်တက်လာတာကို မျိုသိပ်ရင်း

"ကြွ! ကြွ! ပြန်မလာနဲ့!"

ထိုအခါ ယန်းလီ လုဟောင်ကိုပွေ့ကာ သုတ်ခနဲ အိမ် ဧည့်ခန်းမှ ပြေးထွက်သွားတော့သည်။ လုဟောင်ကတော့ မျက်ရည်ရွှဲလဲဖြင့် ယန်းလီနောက်ကို ပါသွားရသည်။ သူ့အကို ရိပေါ်ကိုလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ပေါ့

"ဟူး......."

နားထင်ကြောကို ဖိလိုက်ရင်း သက်ပျင်းတစ်ချက်ချကာ ဆိုဖာပေါ် ထိုင်ချလိုက်သည်။

The Height Boss is My HusbandWhere stories live. Discover now