Chapater 12

770 26 3
                                    

ရှောင်ကျန့်တစ်ယောက် နိုးလာတော့ အရင်ဉီးဆုံး တွေ့လိုက်ရသူမှာ သူ့ကို ပြုံးကာစိုက်ကြည့်နေသော ဉီး

"နိုးပြီလား​ ပေါင်ပေ့"

အပြုံးချိုချိုဖြင့် နဖူးပေါ်က ဆံပင်တွေကို သပ်ပေးရင်း သြရှရှအသံဖြင့်ပြောလာသည့် ဉီးက အလွန်ကို ခန့်ညားနေသည်။ ရှောင်ကျန့် မျက်လုံးကို ပြန်မှိတ်လိုက်ပြီး ဉီးရင်ခွင်ထဲကို ဇွတ်တိုးဝင်လိုက်သည်။

"ကျန့်ကျန့် ဗိုက်ဆာတယ်။ ဒါမယ့် အိပ်ယာကလည်း ထချင်ဘူး"

ကလေးလေးပမာ ချွဲနွဲ့ကာပြောနေသော ပေါင်ပေ့ဟာ တကယ့်ကိုချစ်စရာလေး။ တချို့တွေများကြတော့ ဒီလိုချွဲဖို့နေနေသာသာ ယောက်ျားအသံကြီးတွေနဲ့ ဖြဲခြောက်ကြတဲ့သူတွေကရှိသေး။

ရင်ခွင်ယုန်ပေါက်လေးရဲ့ ဆံပင်ကို ရိပေါ်ခပ်ဖွဖွလေးပွတ်ရင်း

"ဆက်တော့ မအိပ်တော့နဲ့ ပေါင်ပေ့။ ကြာရင် ခေါင်းကိုက်လိမ့်မယ်"

သူပြောတော့လည်း ခေါင်းလေးငြိမ့်ပြကာ ချက်ချင်းထသည်။ တကယ့်ကို အလိမ်မာတုံးလေး။ တချို့တွေနဲ့များကွာပါ့....(ဘယ်သူတွေလည်းအဲ့တာ👀 သိချင် မှန်ထဲသွားကြည့်)

"ဉီး ကျန့်ကျန့်ဘယ်မှာလဲ"

မျက်လုံးကလည်ကလည်နဲ့ အခုမှသတိထားမိသည့်ပုံဖြင့် ဘေးဘယ်ညာကို ဝှေ့ဝိုက်ကြည့်ရင်း မေးလာသော သူလေး

"ဒါက ကိုယ့်အိမ်လေ။ အခု ပေါင်ပေ့ရောက်နေတဲ့အခန်းက ကိုယ့်အခန်း"

"ဟင် တကယ်လား"

ရိပေါ် ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်သည်

"ဝါး....အကျယ်ကြီးဘဲ။ ကျန့်ကျန့်တို့အိမ်က အခန်း၂ခန်းစာလောက်ရှိတယ်"

"အင်း အရင်ကတော့ ကိုယ့်အခန်းဘဲ။ အခုတော့ ဟော့ဒီက လောင်ဖောနဲ့ကိုယ်နဲ့ အတူတူနေရယ့်အခန်းဖြစ်သွားပြီ"

ထိုသို့ပြောရင်း နားရွက်ကလေးကို လျက်လိုက်တော့ တုန်သွားသော ကိုယ်လေး။

"လောင် လောင်ဖောက ဘယ်သူလဲ"

အသံတုန်တုန်ယင်ယင်နှင့် မေးလာသော ပေါင်ပေ့လေးပင်။ ကြည့်ရတာ ရိပ်မိသွားပုံပါဘဲ။ ရိပေါ်လည်း ပေါင်ပေ့လေးအနား ကပ်သွားကာ

The Height Boss is My HusbandWhere stories live. Discover now