ဟိုအရင်က သိပ်လှတာပဲလို့ ထင်ခဲ့မိတဲ့ အရိုးပြိုင်းပြိုင်း၊ပွင့်ဖတ်နီနီနဲ့လက်ပံပင်ကြီးဟာ ခုတော့ သရဲသဘက်တစ်ကောင်လိုပါပဲ။အကျည်းတန်လိုက်ပါဘိ။
မောင်တွေ့တယ်မဟုတ်လား နေလုံးနီနီမှာ အားမာန်တွေမရှိတော့တာကိုလေ။
ကျွန်မကတော့ နေမင်းကြီးကို ကြည့်ရင်း "ကျွန်မဘဝနဲ့မှ လာတူတတ်ရန်ကောရှင်"လို့ ခပ်တိုးတိုးငြီးတွားမိရင်း မဲ့ပြုံးတစ်ချက်ပြုံးမိတယ်။
အသဲကွဲနေတဲ့ ခိုတစ်ကောင်ရဲ့ ညည်းသံဟာ သိပ်မုန်းဖို့ကောင်းတာပဲ။သူ့ကို မာနထားတတ်ဖို့သင်ပေးရအုန်းမယ်။အခုတလော စိန်ပန်းပွင့်တွေဟာ သိပ်မနီတော့သလိုပဲနော်မောင်။တစ်ယောက်ယောက်ကို ချစ်မိသွားလို့နဲ့ တူပါရဲ့။
မောင်ကိုလွမ်းတဲ့စိတ်နဲ့ နိုးထလာ ရတဲ့ မနက်ခင်းတွေဟာ သိပ်မုန်းဖို့ကောင်းတာပဲ။မောင့်ကို မုန်းသွားရင် သိပ်ကောင်းမှာပဲလို့လည်း မကြာခဏ ရေရွက်နေမိတယ်။
မြူခိုးတွေဝေနေသေးတဲ့ ပတ်ဝန်းကျင်ကို မောင်ကတော့ မုန်းနေမှာပဲနော်။
"ဘာတွေမျှော်လင့်နေတာလဲကွယ်"လို့ ခပ်တိုးတိုးရေရွက်ရင်း အရူးတစ်ယောက်လို ရယ်နေမိပါရဲ့။မောင်က ဘာကတိမှပေးခဲ့တဲ့သူမှမဟုတ်ဘဲကွယ်......မောင်မမှားခဲ့ပါဘူးကွယ်။ ။
နှင်းအံဒေါင်း
YOU ARE READING
မောင်သို့.....
Poetry"ကျွန်ုပ်သည် အသက်ရှင်နေသမျှ ကာလပတ်လုံး မောင့်အား လွမ်းနေရင်းဖြင့်သာ နေထိုင်သွားရပေတော့မည်"