မောင့်ပခုံးလေးကို မှီနွဲ့ရင်း လက်ချောင်း ရှည်ရှည်လေးများကို တို့ကစားရင်း"မောင်ကို မချစ်ချင်ဘူးကွယ်"လို့ ပြောတိုင်း အသက်ရှူသံခပ်ပြင်းပြင်းဖြစ်လာယုံကလွဲပြီးဘာမှပြန်မပြောခဲ့တဲ့ မောင့်ကို သိပ်ဘဝင်မကျတာပဲ။
ချစ်တဲ့စိတ်ဆိုတာ သိပ်ကိုလျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းတာမျိုးမဟုတ်လား။တစ်စုံတစ်ယောက်ကို ချစ်နေရတဲ့ဘဝမျိုးကို သဘောမကျဘူးလို့ ခဏခဏကြွေးကြော်နေရင်းကနေ ကျွန်မဘဝရဲ့အစိတ်အပိုင်းများထမောင်အတင်းရောက်လာရာကနေ ဒီသဘောကို မသိစိတ်ကနေ လက်ခံမိခဲ့တယ်ထင်ပါရဲ့။
ကျွန်မကတော့ မောင့်ကိုချစ်တဲ့ အချစ်တွေကို ညောင်ကပ်ပင်တစ်ပင်နဲ့ နှိုင်းပြချင်တယ်ကွယ်။ ကျွန်မနှလုံးသားထဲကနေထွက်လာတဲ့ ညောင်ကပ်ပင် သေးသေးလေးပေါ့။
မောင်ကတော့"ညောင်ကပ်ပင်တဲ့လားကွယ်"ဆိုပြီး အတွန့်တက်ချင်တက်အုန်းမယ်ထင်ရဲ့။ဟုတ်တယ် မောင်။မောင့်ကိုချစ်မိတဲ့အချစ်တွေက ညောင်ကပ်ပင်လိုပဲ ။"ချစ်စရာလေးပါကွယ်"ဆိုပြီး မနှုတ်ရက် လို့ ပစ်ထားလိုက်မိတာ ခုတော့ကျွန်မနှလုံးသားတစ်ခုလုံးကို မောင်ကဝါးမြှိထားလိုက်ပြီလေ။
ကျွန်မရုန်းချင်ရင်တောင် မောင့်ဆီကနေ ရုန်းမထွက်နိုင်တော့ဘူး။ဝင်သက်ထွက်သက်ငွေ့ငွေ့လေးဟာ မောင်ပေါ့။
သွေးကြောစိမ်းစိမ်းလေးတွေထဲ မောင်ဆိုတဲ့သွေးနီဥကလေးတွေက အလိုက်မသိစွာ ပြေးလွှားနေတာပေါ့။ကျွန်မဖက်တွယ်ထားမိတဲ့ ခပ်ဆိုးဆိုးလောဘစိတ်ကလေးဟာ မောင်ပေါ့။
နှင်းအံဒေါင်း
YOU ARE READING
မောင်သို့.....
Poesia"ကျွန်ုပ်သည် အသက်ရှင်နေသမျှ ကာလပတ်လုံး မောင့်အား လွမ်းနေရင်းဖြင့်သာ နေထိုင်သွားရပေတော့မည်"