Monday

9.5K 158 58
                                    

"ကျနော် ခဗျားနဲ့လက်မထပ်တော့ဘူး!"

"ဟော ကိုယ့်ကိုဘာတွေစိတ်ဆိုးနေပြန်ပြီလဲtar~"

Laptopသုံးရင်းရှေ့ကအကောင်ပေါက်ကိုကြည့်ဖို့ငါမအားပါ။တစ်ဟွန့်ဟွန့်လုပ်ကာကုမ္မဏီကရုံးခန်းထိလာစိတ်ဆိုးနေသည့်အချစ်ကလေးကဘာတွေဖြစ်လာလဲမသိ။

"ကြည့်! ပုံစံတွေကိုကပြောင်းသွားပြီခုဆိုချော့တောင်မချော့တော့ဘူး မခေါ်ဘူးခဗျားကို!!"

ခြေဆောင့်ကာထွက်သွားသည့်အချစ်ကလေး‌ကိုကြည့်ရင်းလမ်းမှာဂရုစိုက်ဖို့ငါမှာလိုက်သည်။ခေါင်းခါရင်းသာပြုံးလိုက်ပြီးငါ့အလုပ်ငါဆက်လုပ်နေလိုက်သည်။

ဟိုးငယ်ငယ်လေးကတည်းကထိန်းလာတဲ့ကလေးမလို့စိတ်ဆိုးရင်ဘယ်သွားမလဲ၊ဘာလုပ်မလဲကအစငါအကုန်အလွတ်ရ‌နေပြီ။

Fourth nattawat။အသက်၁၉နှစ်သာရှိသေးတဲ့ငါ့အချစ်ကလေး။ဆွေးကြီးမျိုးကြီးကလာတဲ့ငါ့အတွက်တော့fourth
ကအဖိုးတန်ကလေးပဲ။

ငါအသက်၁၈နှစ်ပြည့်‌မွေးနေ့မိဘမဲ့ဂေဟာတစ်ခုမှာအလှူလုပ်ခဲ့တယ်။အဲ့နေ့ကမိုးရွာထဲမှာဘောလုံးကန်ကစားနေတဲ့၆နှစ်အရွယ်fourthလေးကငါ့စိတ်‌တွေကိုဆွဲဆောင်သွားခဲ့တာ။

သိပ်မကြာခင်မှာပဲစာချုပ်တစ်ခုနဲ့အတူfourthလေးကငါ့ရဲ့ကလေးလေးဖြစ်လာခဲ့တယ်။အစကစိမ်းသက်ပေမယ့်ရင်းနှီးလာတဲ့အခါဒီကောင်လေးဘယ်လောက်တွယ်တာတက်လဲငါနားလည်လာခဲ့တယ်။

‌အနုရောင်လေးတွေပဲရွေးကြိုက်တတ်တဲ့ငါ့ကလေးငယ်ကဆလတ်ရွက်ကိုတော့ငါ့ထက်ပင်ပိုချစ်၏။fourthကချစ်ဖို့ကောင်းတယ်။

တူရိယာတွေသိပ်သဘောကျတတ်တဲ့ကောင်ငယ်လေးကြောင့်music roomသီးသန့်တစ်ခုငါဆောက်ပေးခဲ့သည်။fourthရဲ့အုပ်ထိန်းသူအနေနဲ့ငါကအသက်18မှာsingle fatherတစ်ယောက်ဖြစ်လာတယ်။

ဒါကငါ့ကိုစိတ်မညစ်စေပါဘူး။fourthငါ့ဘ၀ထဲ၀င်လာကတည်းကငါ့အတွက်အရာရာကလှပလာခဲ့တယ်။ချစ်ဖို့ကောင်းတဲ့ကောင်ငယ်လေးကအလိုလိုက်တော့အနည်းငယ်ဆိုးလေသည်။

စာမှာဆိုအမြဲတော်တဲ့ငါ့ကလေးလေးကဂီတကိုသာမြတ်နိုးတာဖြစ်ချင်တာကတော့ရှေ့နေတစ်ယောက်ပါတဲ့လေ။သေချာပေါက်ဖြစ်အောင်ငါကလုပ်ပေးမှာပေါ့။

SEVEN (geminifourth ff✅)Where stories live. Discover now