Tuesday

1.6K 132 22
                                    

တအားဆိုးတဲ့ကလေးလေး။

"ဒါပဲလား မောင်လေး"

"ဟုတ်"

ကောင်တာကအမကြီးကအ၀တ်တွေကိုခေါက်ရင်းပြုံးစိပြုံးစိလုပ်နေတာကြောင့်fourthမျက်ခုံးတွေတွန့်ချိုးသွားလေသည်။

"ဘာဖြစ်လို့လဲအမ"

"ကောင်လေးနဲ့လာတာလား"

ကောင်တာကအမကြီးညွှန်ပြတဲ့နေရာကိုfourthကကြည့်ကာဆူပုတ်သွားလေသည်။သေချာပေါက်ငါ့ကြောင့်ပေါ့။ငါ့အချစ်ကလေးကအခုချင်းမိုင်ရဲ့mallထဲရောက်နေတာကြောင့်ငါလိုက်လာခြင်းပေ။

အဲ့နောက်ငါ့ကလေးလေးကငါ့ကိုမျက်စောင်းထိုးကာကောင်တာဘက်သို့ပြန်လှည့်သွားသည်။

"ကောင်လေးမဟုတ်ပါဘူး အဖေပါဗျ"

အိုးးနှလုံးသားလေးနာကျင်လိုက်တာ။အထုတ်တွေဆွဲကာထွက်သွားတဲ့ငါ့အချစ်လေးနောက်ငါလိုက်ရပြန်သည်။

"ကိုယ့်ကိုခုထိစိတ်ဆိုးမပြေသေးဘူးလား အချစ်လေး"

Fourthကမကြားချင်ယောင်ဆောင်ရှေ့သို့ဆက်သွားနေလေသည်။ငါ့ကလေးလေးကတအားချေတာပဲ။နားကြပ်တောင်တပ်လိုက်သေးသည်။

အဲ့နောက်ကားပါကင်ကငါ၀ယ်ပေးထားတဲ့ကားအနက်ရောင်လေးပေါ်တက်ကာwinkတစ်ချက်လုပ်ပြပြီးမောင်းထွက်သွားလေသည်။

ခါးထောက်ရင်းသာငါပြုံးရင်းကျန်ခဲ့သည်။ဒီကလေးလေးကတစ်အားဆိုးတာပဲ!

_____________________________

"Fourth!! Teerakစိတ်ဆိုးပြေပါတော့!"

"လုံး၀ပဲ ခဗျားကိုကျနော်မသိဘူး"

အဝေးပြေးလမ်း‌မပေါ်က ကားနှစ်စီး။မှန်ချကာဘေးချင်းကပ်ရပ်မောင်းနေတာမလို့လမ်းမှာနေရာလွတ်ပင်မရှိ။ငါ့အဆိုးလေးကလျှာထုတ်ပြကာ ကားမှန်ကိုအဆုံးထိတင်ပြီးမောင်းထွက်သွားလေသည်။

ကားတွေတစ်စီးမှမရှိတဲ့ထိရှင်းနေတာကြောင့်အချစ်လေးspeedဘယ်လောက်တင်ပြီးမောင်းပါစေမှောက်မှာမဟုတ်တာကအသေချာ။

ဒါကငါဒီအဝေးပြေးလမ်းမကြီးကိုနေ့တစ်၀က်၀ယ်ထားခြင်းကြောင့်ပေ။‌မြင်ကွင်းထဲကပျောက်သွားတဲ့ကားအနက်လေးကိုကြည့်ရင်းငါအသဲယားစွာရီမိသည်။

SEVEN (geminifourth ff✅)Where stories live. Discover now