Wednesday

1.1K 120 18
                                    

ကိုယ့်လက်ကမလွှတ်နိုင်ပါဘူး!

'မကြာခင်လေယာဉ်ဆိုက်မှထွက်ပါတော့မယ် လူကြီးမင်းတို့ရဲ့passportတွေလုံခြုံမှုကိုသတိရှိပါ'

နားကြပ်လေးအားတပ်ကာအိပ်မလို့ကြိုးစားနေတဲ့ငါ့အချစ်ကလေး။

"ကိုယ်၀ယ်ပေးထားတဲ့စက်လေးလားter~"

"ရှီးးးးရ်gemini!ခဗျားထပ်ရောက်လာပြန်ပြီ"

ခုမှဘေးကိုအာရုံရောက်တဲ့ကလေးလေးကြောင့်ငါသွား၃၂ချောင်းလုံးပေါ်အောင်ရီပြလိုက်သည်။ကိုယ်ကလေယာဉ်ပေါ်မင်းမတက်ခင်ကတည်းကရောက်နေတာပါနော်။

"ဘယ်နေရာထိလိုက်နေမှာလဲ!"

"မပြောနိုင်ဘူးလေ ကမ္ဘာအဆုံးထိပေါ့"

Fourthကငါ့အားမျက်စောင်းထိုးကာတစ်ဖက်သို့ပြန်လှည့်သွားလေသည်။အဲ့နောက်mini pillowလေးအားလည်ပင်းမှာတပ်ရင်းအိပ်ပျော်သွား၏။

အိပ်နေတာလေးကိုကချစ်စရာ။ငါသဘောကျလွန်းလို့ပါးပြင်ကမှဲ့လေးကိုနမ်းလိုက်သည်။နိုးနေရင်အနမ်းခံမှာမဟုတ်တာသိလို့ခိုးနမ်းတာဟိဟိ။

__________________________

"မထသေးဘူးလား အချစ်လေး~"

"ဟင်!"

ခုမှအိပ်ယာနိုးလာတဲ့ကလေးလေးကကြောင်တောင်တောင်လေးဖြစ်နေလေသည်။အဲ့နောက်ဟိုကြည့်ဒီကြည့်လုပ်ကာလူတစ်ယောက်မှမရှိတော့သည့်လေယာဉ်ကိုကြည့်ရင်းအံဩနေလေရဲ့။

"လူတွေရော!"

ငါရီမိသည်။

"အခုကလေယာဉ်ရဲ့vvipအခန်းမှာလေ ရောက်နေတာကြာပြီအချစ်လေးအိပ်နေလို့ကိုယ်မနိုးရက်တာ"

ပါးစပ်ကလေးဟကာအံဩ‌နေတဲ့fourthကဒယ်ဒီတော်ထားရတဲ့ငါ့ကိုmillionaireတစ်ယောက်မှန်းသိသည့်ပုံမပေါ်။ပါးထောင့်နားကသ‌ရေတွေကိုသစ်ရှုးဖြင့်သုတ်ပေးတော့ပေါက်စကငြိမ်ငြိမ်လေးနေလေသည်။

"စိတ်ဆိုးပြေပြီလား?"

"ဝါးးးအိပ်ရေး၀သွားပြီ"

luggageအားဆွဲကာလေယာဉ်ပေါ်ကဆင်းသွားတဲ့ကောင်လေးကတစ်ကယ့်အကြောတင်းလေး။ပုံမှန်ဒီလောက်စိတ်မဆိုးတတ်ပေမယ့်ခုရက်ပိုင်းတွေမှာအချစ်လေးကငါ့အပေါ်တအားသ၀န်တိုတတ်လာ၏။

SEVEN (geminifourth ff✅)Where stories live. Discover now