Thursday

1.1K 118 21
                                    

Daddyလို့ခေါ်ပါအုံးအချစ်ကလေး

"အချစ်လေး~"

"သွားစမ်း!ကျနော့်ကိုလာမခေါ်နဲ့!!"

အိုးးစိမ်းကားလိုက်တာ။ငါ့ရဲ့အချစ်လေးကငါ့အားအခန်းပြင်သို့အတင်းတွင်းထုတ်ကာတံခါးအားပိတ်လိုက်လေသည်။သေချာပေါက်fourthငါ့ကိုစိတ်ကောင်နေတုန်းပဲ။

မနေ့ကအများသုံးသန့်စင်ခန်းထဲမှာငါတို့အချိန်အတော်ကြာခဲ့တယ်။ထော့နဲ့ထော့နဲ့လမ်းလျှောက်နေရတဲ့ပေါက်စကပန်းခြံအပြင်လည်းရောက်ခြေထောက်တွေတောင်မခိုင်တော့ပေ။

ငါကပဲပွေ့ချီပြီးဟိုတယ်ပြန်ခေါ်လာရတယ်။တစ်လမ်းလုံးငါ့ရင်ဘတ်အားထုရိုက်ကာငိုနေတဲ့အချစ်လေးကငါ့ကိုစကားပင်မပြောတော့ဘူး။

တင်ပါးကိုဆေးလိမ်းပေးပြန်တော့လည်းရှက်လို့ဆိုပြီးငါ့အားကန်ထုတ်လေသည်။ဒီလောက်လေးကငါ့ကိုဘာမှမဖြစ်စေပါဘူး။

ငါ့အချစ်လေးကအခန်းတံခါးပိတ်ထားတာကြောင့်ငါ့မှာရွေးချယ်စရာမရှိတော့လို့သက်ပြင်းလေးတစ်ချက်သာချလိုက်သည်။အဲ့နောက်တံခါးနားသို့ကပ်လိုက်၏။

"Fourth ကိုယ်၀ရံတာကတက်လာမယ်နော်~"

အထဲကအော်ဟစ်သံတွေကိုငါကြားသည်။ပြုံးရီလိုက်ရင်းချက်ချင်းဆိုသလိုပင်ဘေးချင်းကပ်ရပ်ကငါငှားထားသည့်အခန်းအား၀င်လိုက်၏။

ငါ့ကလေးလေးကမယုံဘူးပဲ။၀ရံတာတံခါးတောင်မပိတ်ထားပေ။ဒါငါ့ကိုအူမြူးစေသည်။ခြားထားသည့်နံရံအားတွယ်ကကပ်ရင်းငါfourthရဲ့အခန်းလေးသို့သီချင်းတစ်ညည်း ညည်းဖြင့်၀င်သွားလိုက်၏။

ငါ့အချစ်လေးကကုတင်ပေါ်တွင်မှောက်ရက်လေးအိပ်ကာဖုန်းသုံးနေသည်။အိုးး ဒီအနေထားကိုငါကြိုက်လိုက်တာ။ဖုန်းထဲမှာပဲအာရုံရှိနေတဲ့ပေါက်စကငါရောက်နေမှန်းတောင်မသိပေ။

စချင်တဲ့စိတ်နဲ့ငါအသိမပေးပဲfourthရဲ့ကိုယ်လေးပေါ်သို့အုပ်မိုးလိုက်သည်။လန့်သွားတဲ့ကောင်လေးကငါ့အားလှည့်ကြည့်လာ၏။

"Gemini!ခဗျား ဘယ်လိုရောက်လာပြန်ပြီလဲ"

Fourthကရုန်း၏။ဘာကြောင့်ရယ်မှန်းမသိငါ့ရဲ့ကလေးလေးကိုငါပိုစချင်လာသည်။လက်နှစ်ဖက်အားမွေ့ယာနှင့်ဖိကပ်လိုက်တော့မျက်၀န်းအဝိုင်းသားလေးဖြင့်ကြည့်လာသည်။

SEVEN (geminifourth ff✅)Where stories live. Discover now