Friday

1.5K 122 27
                                    

စိတ်ဆိုးပြေပြီပေါ့။

"Fourth..ကိုယ့်အချစ်ကလေး~"

ဂွမ်းစောင်ကြီးအောက်မှာမြုပ်နေတဲ့ငါ့အချစ်လေးကမနိုးလာသေးပေ။မနေ့ညကတအားအိပ်ရေးပျက်သွားတဲ့ပုံပဲ။မနက်ခင်းအချိန်ကမိန်းကလေးတွေရဲ့အလှဆုံးအချိန်တဲ့။

ငါငြင်းပါရစေ။ငါ့အချစ်လေးကပိုလှနေတာလကမ္ဘာကလှမ်းကြည့်တောင်သိနိုင်သည်။နှာတံစင်းစင်းလေးကိုလက်ဖြင့်ထိကစားတော့ ရှုံ့မဲ့ကာတစ်ဖက်သို့လှည့်အိပ်သွားလေသည်။

ချစ်စ‌ရာကောင်းတယ်!ငါတအားသဘောကျတာပဲ။စောင်ထဲနှစ်မြုပ်နေသည့်fourthကိုယ်လေးကိုငါအနောက်ကနေသိမ်းကြုံးဖတ်လိုက်သည်။

ကိုယ်သင်းနံ့လေးကမွှေးမွှေး‌ကလေး။လူးလိမ့်နေသည့်ကောင်လေးကြောင့်ငါခွကာပိုလို့ပင်တင်းနေအောင်ဖတ်ထားလိုက်၏။

"Gem..လွှတ်ပေး"

"စိတ်ဆိုးပြေရင်လွှတ်ပေးမယ်"

ချက်ချင်းရုန်းနေတာရပ်သွား၏။အားးချစ်ဖို့ကောင်းတယ်။ငါ့ဖတ်ထုပ်က‌လေးကိုအသဲယားစွာငါလည်ပင်းသားဖွေးဖွေးလေးကိုကိုက်ချလိုက်၏။

"အောင်း! daddy ခဗျားကခွေးလား!!"

အော်သံလေးကဆာဆာလေးရယ်။ရုန်းကန်ရင်းfourthကငါ့ဘက်ကိုလှည့်လာသည်။အဲ့နောက်ငါ့အားပြန်ကိုက်ဖို့လုပ်၏။သေချာပေါက်ငါရှောင်တာပေါ့။

မနက်ခင်းလေးရဲ့အစမှာငါ့အချစ်လေးပေးတဲ့ပါးစပ်နားကအချစ်ကိုက်ရာကြီးကနေရာယူထားလေရဲ့~

_____________________________

"လန်ဒန်ရဲ့ရာသီဥတု‌ကကောင်းတယ်နော် တက္ကသိုလ်ဒီမှာလာတတ်မှထင်တယ်"

ခေါက်ဆွဲလေးတစ်လုတ်စားလိုက်၊အချိုရည်လေးသောက်လိုက်ဖြင့်အေးချမ်းနေသည့်ကလေးလေးကိုငါမှေးထောက်ရင်းသာကြည့်နေမိသည်။

အစာစားနေတာလေးကအစချစ်စရာကောင်းတာပဲ!လန်ဒန်မှာအခြေချ‌ချင်နေတဲ့ကောင်လေးကိုငါခွင့်မပြုပါဘူးနော်။ငါ့အနားမှာပဲမွေးရပ်မြေမှာတစ်သက်လုံးနေခိုင်းမှာ။

အချစ်လေးကလည်၏။သူမကုန်တော့လျှင်ငါ့အားခွံ့ကျွေးသသလိုလိုနှင့်ကုန်အောင်စားခိုင်းသည်။'စိတ်ဆိုးပြေသွားလို့မဟုတ်ဘူးနော်'ဆိုသည်ကပါလိုက်သေး။ချစ်စရာကောင်းလိုက်တာ!

SEVEN (geminifourth ff✅)Where stories live. Discover now