Saturday (18+)

3.6K 134 64
                                    

ကိုယ့်ရတနာလေး။

လန်ဒန်ရောက်တဲ့၃ရက်မြောက်နေ့မှာစိတ်ဆိုးပြေသွားတဲ့အချစ်လေးနဲ့အတူငါတို့ဘန်ကောက်ပြန်ရောက်တယ်။

အိပ်မောကျပြီးပါလာတဲ့အချစ်လေးကအသဲယားစရာ။‌ပါးစပ်ကလေးဟကာအိပ်နေတဲ့အကောင်ပေါက်လေးကိုငါသဘောကျစွာ ဓာတ်ပုံရိုက်ထား၏။

ရုံးခန်းမှာအမောပြေလေးကြည့်ရအောင်ဘောင်အကြီးကြီးနဲ့အလှချိတ်ထားမှ။ခဏအကြာမှာSuvarnabhumi Airport
သို့ဆိုက်ရောက်တော့မည်ဖြစ်ကြောင်းအသိပေးစာတက်လာတဲ့အခါ ငါအသဲအသက်လေးကိုလှုပ်နိုးလိုက်သည်။

အင်းအဲဖြစ်နိုးလာသည့်အချစ်လေးကအိပ်ရေးမ၀သည့်ပုံ။

"ဘန်ကောက်ရောက်မှဆက်အိပ်နော်~"

ခေါင်းလေးငြိမ့်ပြသည့်ပုံကချစ်စရာ။အားးငါ့ကလေးလေးကဘာလုပ်လုပ်ချစ်ဖို့ကောင်းနေရတာလဲ။ဒီပုံစံနဲ့သာဆိုတစ်ပတ်မှာ၇ရက်တောင်ငါ့အတွက်မလုံလောက်နိုင်ဘူး!(you know:)

လေဆိပ်ရောက်တဲ့အခါငါ့အသဲအသက်လေးကပျင်းရိနေတာကြောင့်ငါကပဲကုန်းပိုးလာရတယ်။ငါ့bodyguardတွေကလာကြိုတာမလို့ အချစ်လေးကိုပွေ့ရင်းသာအိမ်သို့ပြန်ရ၏။

ကားပေါ်ရောက်တော့အန်သည့်ကလေးလေးက လေယာဉ်စီးတာကြာသွားလို့မူးသည့်ပုံ။ခွေခွေလေးငါ့ပေါင်ပေါ်ထိုင်ကာလည်ပင်းကိုမှီ‌၍အိပ်နေသည့်ပုံကချစ်စရာ။

"မရောက်သေးဘူးလား..ကျနော်မူးတယ်gem.."

"ခဏပဲစောင့်ကိုယ်တို့ရောက်တော့မှာ ဘာစားချင်လဲအချစ်လေး?တစ်ခုခုလိုအပ်တာရှိလား?ကိုယ်ဆင်း၀ယ်ပေးမယ်လေ"

ခေါင်းခါပြသည့်အချစ်လေးကြောင့်ငါချော့မောရင်းသာလိုက်ပါသွားရ၏။

_____________________________

"Gemini!"

"ကိုယ်လာပြီ အချစ်လေး"

စောင်ပုံထဲကအချစ်လေးကသေချာပေါက်လန်ဒန်ကမိုးကြောင့်ဖျားနေပြီလေ။ငါလိုသမာဓိအား‌ကောင်းတဲ့လူတစ်‌ယောက်ကတော့ဒီလောက်လေးနဲ့မဖြုံပေ။

မိုးမထိလေမထိမွေးထားတဲ့ငါ့အဖိုးတန်ကလေးကတော့အဖျားကြီးလေ၏။ကုမ္မဏီကအလုပ်တွေဖျက်ပြီးအနီးကပ်ပြုစုပေးရသည်။

SEVEN (geminifourth ff✅)Where stories live. Discover now