(18)

334 11 1
                                    

(5)နှစ်ခန့်ကြာသောအခါ

" သမီးလေးသုသုကျောင်းသွားဖို့ရေချိုးရမယ်လေ.....အဲ့မှာဘာထိုင်လုပ်နေတာလဲ "

ထယ်သမီးကြီးဝသုန်ကိုရေချိုပေးပြီးတော့သုသုကိုရေချိုးပေးဖို့ခေါ်တာနာရီဝက်လောက်ရှိပြီအခုချိန်ထိအခန်းထဲ့ကနေထွက်မလာတာကြောင့်သွားကြည့်လိုက်တော့....ကုတင်ပေါ်မှာငုတုတ်လေးထိုင်နေလေရဲ့

" ပါးပါး....သုသုကျောင်းမသွားချင်ဘူး "

" ဟင်ဘာလိုလဲ....သမီးနေမကောင်းလို့လား "

" သုသုနေကောင်းပါတယ် "

" ဒါဆိုမီးမီးကျောင်းမှာရန်ဖြစ်ခဲ့လို့လား "

ထယ်မှာစိတ်ပူရတယ်အရမ်းပဲ......အမွှာသမီးနှစ်ယောက်ဆိုပင်မဲ့.....စရိုက်တွေကမတူအကြီးမလေးဝသုန်ကမိန်းခလေးဆန်တယ်...…အငယ်လေးသုသုကယောက်ကျားလေးဆန်တယ်......သူကျောင်းမသွားချင်ဘူးလို့ပြောတဲ့နေ့ဆိုရင်စိတ်ပူရတာတအားဘာလို့ဆိုကျောင်းအုပ်ကြီးအခေါ်ခနခနခံရလို့.....အခုလဲဘာဖြစ်နေမှန်းမသိ

" သုသုကနေကောင်းတယ်ပါးပါးရေ.....မနေ့ကကျောင်းမှာသူကိုကောင်လေးတစ်ယောက်ကနမ်းလိုက်လို့တဲ့ "

" ဟေ ....ဘုရား "

ဝသုန်အပြောကြောင့်ထယ်ဘုရားတမိတဲ့အထိပဲ.....အခုမှ9နှစ်ခွဲပဲရှိသေးတဲ့သမီးလေးကိုနမ်းလိုက်တယ်ဆိုတာကြောင့်

! ဘာပြောလိုက်တယ် !

" အမလေး "

ထယ်သမီးလေးကိုမေးနေတုန်း....ရှိသေးတယ်အနောက်နေဘာပြောလိုက်တယ်ဆိုတဲ့အသံကြောင့်လန့်သွားခဲ့ရတယ်

" ကိုကိုရယ်....လန့်သွားတာပဲ.....ဘာလိုအိမ်ကိုပြန်လာတာလဲအလုပ်သွားရမှာမဟုတ်ဘူးလား "

" ကိုကိုထမင်းချိုင့်ကျန်ခဲ့လို့လာပြန်ယူတာ "

" ယူပြီးရင်သွားတော့လေ "

" အခုတော့မသွားတော့ဘူး....ကိုကိုသမီးလေးကိုမေးရအုန်းမယ် "

" ဒါကထယ်မေးရမဲ့အရာပါနော်....ကိုကိုအလုပ်သွားတော့ "

" မရဘူးကိုကိုအခုမေးရမှကျေနပ်မှာ...ဖေဖေသမီးကိုနမ်းတာဘယ်သူလဲ....ဘယ်ခွေးသားလေးလဲ....ငါသမီးပါးနုနုလေးကိုနမ်းရဲတယ်.....သမီးကျောင်းသွားရင်ဖေဖေပါလိုက်မယ်....အဲခွေးသားလေးကိုလိုက်ထုမလို့ !

ငယ်ရွယ်သူတို့အမှားOù les histoires vivent. Découvrez maintenant