အပိုင်း ၂၀

1.2K 71 8
                                    

Unicode

"အိမ်ရှင်တို့!"

ခြံရှေ့က ခေါ်သံကြောင့် နေသစ် အပြေးလေးတစ်ပိုင်း ပြေးထွက်လာမိသည်။ ခြံရှေ့မှာ ရောက်နေသည်က နေသစ်နဲ့ အသက်မတိမ်မယိမ်း အမျိုးသမီးတစ်ယောက်။

"ဟုတ်ကဲ့ ဘယ်သူများလဲခင်ဗျ..."

"ဒါက နေသစ်နွေးတို့ အိမ်လားရှင်..."

"ဟုတ်ပါတယ်ဗျ..."

"ကျွန်မက ကိုမင်းသန့်လွှတ်လိုက်တဲ့ သူနာပြုပါရှင်..."

"အာ...ဟုတ်...ဟုတ်လား...အိမ်ထဲဝင်ပါ..အိမ်ထဲဝင်ပါ..."

ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာသူနာပြုမလေးကို အိမ်ထဲ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။ သူနာပြုတစ်ယောက်လွှတ်ပေးမယ်လို့ မင်းသန့်က ပြောပေမဲ့ ဒီလောက် မြန်မြန်ကြီး လွှတ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

"ထိုင်ပါအုန်းနော်..."

"ဟုတ်...ကျွန်မ ပြုစုပေးရမဲ့ လူနာက..."

"အာ...အမေက အိမ်ထဲမှာ ရှိပါတယ် ခဏနော်..."

မီးဖိုချောင်ထဲတွင် ကုန်းကုန်းကွကွဖြင့် အလုပ်ရှုပ်နေသော အမေ့အား အပြေးလေးလာခေါ်ရသည်။ အမေက အမြန်ကြီးမလျှောက်နိုင်။ အမေ့ကို တွဲ၍ခပ်ဖြေးဖြေးသာ အိမ်ရှေ့သို့ ပြန်ရောက်လာဖြစ်သည်။

"ကျွန်တော့်အမေပါ..."

"ကိုမင်းသန့်ကတော့ အန်တီနဲ့ ပတ်သက်တာမှန်သမျှ ပြောပြထားပေးပါတယ်..."

သူမက ပြုံးကာဆိုရင်း မတ်တပ်ရပ်နေတဲ့ အမေ့ရှေ့တွင် ဒူးလေးထောက်ကာ လာထိုင်လေသည်။

"အန်တီ...ဘာမှ စိတ်မပူနဲ့နော်...သမီး သေချာပြုစုပေးမှာပါ...ဘယ်လောက်မှ မကြာဘူး အန်တီ ကျန်းမာရေးပြန်ကောင်းလာမှာ...သမီးစောင့်ရှောက်ပေးလိုက်တဲ့သူမှန်သမျှ ရောဂါဝေဒနာတွေယူပစ်သလို ပျောက်သွားတာ..."

သူမက ရယ်ရယ်မောမောဖြင့် ပြောနေလေတော့ အစကတည်းက အူရွှင်တတ်တဲ့ အမေဟာ တခစ်ခစ်ရယ်နေတော့သည်။

"သမီးလေးက ချစ်စရာလေးပါလား...သမီးလေးနဲ့သာဆို အန်တီလည်း ပျင်းချိန်တောင် ရှိမယ်မထင်ဘူး..."

ကိုယ့်ရဲ့ ကြက်တောင်စည်းလေး (ကိုယ့္ရဲ့ ကြက်တောင်စည်းလေး)Where stories live. Discover now