အပိုင်း ၄၅

245 2 0
                                    

မော်ကွန်းကို သင်တန်းအပ်ပေးရမည့်အချိန်သို့ရောက်လာလေပြီ။ ရှိုးထုတ်လို့ကောင်းနေတဲ့ ထိုကလေးက အခုထိ မဆင်းလာသေးပေ။

"ဟိုကလေး အခုထိ မဆင်းလာသေးဘူးလား ဟုတ်လား...ငါ့သားရောင်နီကိုစောင့်ရအောင်လုပ်ပြန်ပြီ..."

အန်တီက ပဲသီးခြွေနေရင်း တတွတ်တွတ်ပြောနေ​၏။ ကျွန်တော်ကတော့ ရယ်မောရုံသာ တုံ့ပြန်လိုက်သည်။ ကျွန်တော့်ကို စောင့်ဆိုင်းပေးဖို့ ဝန်မလေးခဲ့တဲ့ မော်ကွန်းကို ကျွန်တော်လည်း ပြန်စောင့်ဆိုင်းပေးနိုင်ပါ​၏။

"ကျွန်တော် အဆင်သင့်ဖြစ်ပြီ...သွားကြမယ် အစ်ကို..."

မော်ကွန်းက ထုံးစံအတိုင်း အနက်ကိုအဓိကထားပြီး ဝတ်ဆင်လာ​၏။ တစ်ကိုယ်လုံးခြုံကြည့်လိုက်သည်နှင့် စမတ်ကျသော ခေတ်လူငယ်တစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည့်အနေအထားပင်။ ကြည့်ကောင်းပြီး ယောက်ျားဆန်သော ထိုကလေးက ကိုယ့်ချစ်သူဖြစ်သည်ကို တွေးမိရုံနဲ့တင် ကျွန်တော်ပြုံးမိ​၏။

"မင်းရှိုးထုတ်နေတာတအားကြာတာပဲ...ဒီမှာ မင်းအစ်ကိုက စောင့်ရလို့စိတ်တိုနေပြီ...ဟုတ်တယ်မလား ရောင်နီ..."

လှည့်ကြည့်လိုက်တော့ သားရောင်နီက ပြုံးရယ်ရင်း ကျွန်မသားကို ငေးနေလေ​၏။ ကိုယ့်စကားနဲ့ကိုယ်နည်းနည်းတောင် ရှက်သွားရသည်။ စောင့်နေရတဲ့သူဟာ ဒီလိုပြုံးနေနိုင်ပါ့မလား။

"တွေ့လား အစ်ကိုက ပြုံးနေတာပဲ...မားသား ကျွန်တော့်ကို ဂျင်းလာထည့်နေတယ်...လာအစ်ကို သွားကြမယ်..."

ကျွန်တော့်လက်ကို ဆွဲကာ ထွက်သွားသည့် မော်ကွန်း။ ထိုခဏမှာတင် အန်တီသက်ထားတစ်ယောက်ဘာတွေလှမ်းအော်ပြောနေလဲဆိုတာတောင် မကြားနိုင်တော့ပေ။ မော်ကွန်းက ကျွန်တော့်လက်ကို မလွှတ်တမ်းဆွဲကိုင်လို့ ရပ်ကွက်လမ်းထဲ လျှောက်နေ​၏။ သစ်ပင်ပန်းပင်တွေသိပ်များတဲ့ ကျွန်တော်တို့ရပ်ကွက်လေးဟာ အရိပ်အာဝါသကောင်းပြီး နေရောင်တစ်ပြောက်နှစ်ပြောက်သာထိုးနေတတ်သည်။ ရပ်ကွက်ထဲ လမ်းလျှောက်ရသည်ကို အစကတည်းက သဘောကျတဲ့ကျွန်တော် အခု ပို၍တောင် နှစ်သက်မိသည်။

ကိုယ့်ရဲ့ ကြက်တောင်စည်းလေး (ကိုယ့္ရဲ့ ကြက်တောင်စည်းလေး)Where stories live. Discover now