အပိုင်း ၂၇

865 61 2
                                    

Unicode

"မမ...သူဌေးနဲ့ ဟိုကောင်လေးနဲ့က ဘာတွေလဲ..."

"ဘယ်ကောင်လေးလဲ..."

"တလောက တရားဝင်ဝန်ထမ်းဖြစ်သွားတဲ့ နေသစ်ဆိုတဲ့တစ်ယောက်လေ..."

အတင်းပြောနေတဲ့ကောင်မလေးနှစ်ယောက်က ကွန်ပျူတာဆီ အာရုံရောက်နေတဲ့ နေသစ်ကို အတူလှမ်းကြည့်လိုက်သည်။ ပြီးမှ သူတို့ပြောလက်စစကားဆီ ပြန်ရောက်သွားသည်။

"အရင်က အဲ့လောက်မသိသာပေမဲ့ အခုနောက်ပိုင်း တအားသိသာလာတယ်...ရုံးလာလည်းအတူတူ ရုံးပြန်လည်းအတူတူပဲ..."

"ငါကြားတာတော့ သူတို့နှစ်ယောက်က stateကျောင်းတုန်းကသူငယ်ချင်းတွေဆိုပဲ..."

"သူငယ်ချင်းတွေဆိုတာနဲ့ပဲ အဲ့လိုနေကြရောလား...ဒါက အလုပ်ခွင်မှာလေ မမရယ်..."

သူတို့နှစ်ယောက် နေသစ်ကို မငေးကြည့်ဘဲ မနေနိုင်ပေ။

အလုပ်ထဲအာရုံစိုက်နေတဲ့နေသစ်ကလည်း သူ့ကို ဝိုင်းကြည့်နေတာကို ခံစားမိတာမို့ လှမ်းကြည့်မိတော့ သူတို့ဌာနက မန်နေဂျာမမနဲ့ စီနီယာမမတစ်ယောက် သူ့ကိုကြည့်နေကြတာပင်။ ဘာလို့ကြည့်နေကြမှန်းမသိပေမဲ့ ယဉ်ယဉ်ကျေးကျေးပြန်ပြုံးပြလိုက်သည်။ သူတို့နှစ်ဦးကလည်း ပြန်ပြုံးပြတယ်ဆိုတော့ ဘာမှထွေထွေထူးထူးရှိလောက်မည်မထင်တာကြောင့် အလုပ်ထဲပဲ ပြန်လည်အာရုံစိုက်လိုက်တော့သည်။

"ညီမက မမကို စိတ်ပူလို့ ပြောတာနော်...တော်ကြာ သူဌေးက သူ့သူငယ်ချင်းကို ပစားပေးချင်တာနဲ့ မမကို မန်နေဂျာရာထူးကနေ ဖြုတ်ခံရမှ ဟုတ်ပေ့ဖြစ်နေမယ်..."

မန်နေဂျာမမ နည်းနည်းတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ သူပြောနေတာ မှားတာတော့မဟုတ်။ မန်နေဂျာမမအနေနဲ့ ဒီရာထူးမှာ နှစ်တွေလည်းကြာနေပြီး ရာထူးတိုးခြင်းလည်းမရှိဘူးမဟုတ်လား။ သူပြောသလိုသာဆို ဒီနေရာမှာ တဲတဲလေးရပ်နေမိပါလား။

"မမ နေ့လည်စာစားချိန်ရောက်ပြီလေ...သွားမစားသေးဘူးလား...ညီမနဲ့အတူ သွားစားမယ်လေ..."

"မစားသေးဘူး...ဒါလေး လက်စသတ်လိုက်အုန်းမယ်..."

ကိုယ့်နေရာအလုမခံရဖို့ရာ အလုပ်ကြိုးစားရမည်မဟုတ်လား။

ကိုယ့်ရဲ့ ကြက်တောင်စည်းလေး (ကိုယ့္ရဲ့ ကြက်တောင်စည်းလေး)Where stories live. Discover now