အပိုင်း ၂၃

1K 69 4
                                    

Unicode

ကုတင်ခေါင်းရင်းက ဖုန်းalarmကို ပိတ်လိုက်ပြီး ကုတင်ပေါ်ထထိုင်လိုက်သည်။ လူက အိပ်ရေးလုံးဝမဝ။ အိပ်ယာထထချင်း သက်ပြင်းချလိုက်မိသည်။

ဘယ်လောက်ပဲ စိတ်မပါပါစေ ကျွန်တော့်တစ်နေ့တာ လုပ်ငန်းစဉ်တွေအပေါ် ထိခိုက်၍ မဖြစ်ပါ။ အရင်နေ့တွေအတိုင်း ကျွန်တော့်တစ်နေ့တာကို စတင်လိုက်သည်။

မျက်နှာသစ်သန့်စင်ပြီးတာနဲ့ မနက်စာပြင်ဆင်ဖြစ်သည်။ အကျင့်ပါနေကြအတိုင်း နှစ်ယောက်စာပြင်ပေးပြီးကာမှ ကျွန်တော့်လက်တွေ တန့်သွားရသည်။

"ကြက်တောင်စည်းလေးက ဒီမှာမှ မရှိတာ..."

မနက်စာကို တို့တိတို့တိစားနေမိရင်း မျက်နှာချင်းဆိုင်က ထိုင်ခုံနေရာလေးကို လှမ်းကြည့်မိသည်။ ကြက်တောင်စည်းလေးက အဲ့နေရာလေးမှာ အမြဲထိုင်လို့ မနက်စာအချိန်တိုင်း ကျွန်တော့်ကို ငေးနေကြ။ မနက်စာစားချိန်တိုင်း ရှေ့ဆံပင်လေးတွေကို ကြက်တောင်စည်းထားတတ်တဲ့ မော်ကွန်းက သူ ခိုးကြည့်နေတာ ကျွန်တော်မိသွားတိုင်း သွားဖြူဖြူလေးတွေအကုန်ပေါ်လာလေအောင် ပြုံးရယ်ပြတတ်သေးတာ။

ကျွန်တော့်ရင်ထဲ လေးပင်နေသည်မှာ ခဲဆွဲထားသည့်နှယ်။ မောပန်းနေသည်မှာလည်း ခရီးဝေးက ပြန်လာတဲ့သူလိုပင်။

ကျွန်တော့်တစ်နေ့တာစတင်မှုဟာ သာမန်နေ့တွေကလိုပဲလို့ထင်ရပေမဲ့ တစ်စုံတစ်ခုလစ်ဟာလို့နေသည်။ အရင်နေ့တွေက တက်ကြွနေသလောက် ယနေ့ဟာ လေးလံထုံထိုင်းလို့။ ကြက်ဥကြော်နဲ့ထမင်းသာပါတဲ့ ထမင်းဘူးကိုသယ်ကာ အောက်ထပ်သို့ဆင်းလာဖြစ်သည်။ သေချာပေါက်မလုပ်ဘူးလို့အားတင်းထားပေမဲ့လည်း မော်ကွန်းတို့ အခန်းဆီ မရဲတရဲမျှော်ကြည့်မိလိုက်သေးသည်။

"သားရောင်နီ..."

မော်ကွန်းအစား အန်တီ့ကိုသာတွေ့လိုက်ရသည်။

"ဟုတ် အန်တီ..."

"သား ဆေးရုံသွားတော့မှာလား...အန်တီ သားနဲ့စကားနည်းနည်းပြောချင်လို့ သားအချိန်ရသေးလား..."

ကျွန်တော် လက်ပတ်နာရီကိုငုံ့ကြည့်လိုက်မိသည်။ အရင်ကဆို အချိန်ကွက်တိအလုပ်လုပ်တတ်ပေမဲ့ ယနေ့မှာ အချိန်တွေစောနေတော့သည်။

ကိုယ့်ရဲ့ ကြက်တောင်စည်းလေး (ကိုယ့္ရဲ့ ကြက်တောင်စည်းလေး)Where stories live. Discover now