My friend

5.8K 166 56
                                    

Gemini Norawit Titicharoenrak

"Gem မင်းအိမ်မပြန်သေးဘူးလား"

ငါလက်အမူအရာဖြင့်လုပ်ပြတော့gemကခေါင်းခါပြသည်။အဲ့နောက်ရီလိုက်ရင်းခေါင်းအားခပ်ဖွဖွလေးပုတ်ပေးလိုက်၏။ဒီနေ့ကတနင်္ဂနွေနေ့။

ဒါပေမယ့်physicဆရာပေးလိုက်တဲ့အိမ်စာတွေကြောင့်ငါ့မှာစာထိုင်လုပ်နေရသည်။သေချာပေါက်တစ်ယောက်ထဲမဟုတ်ဘူးပေါ့။

ငါ့မှာစကားမပြောနိုင်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။gemini Norawit။ငါ့အကိုရည်းစားရဲ့ညီ၀မ်းကွဲ။ငါတို့နှစ်ယောက်သိတာသိပ်မကြာသေးပါဘူး။

လွန်ခဲ့တဲ့တစ်လလောက်ကဖြစ်မယ်ထင်တယ်။p'pondရဲ့ဒိတ်ကိုငါလိုက်သွားရင်းgemနဲ့တွေ့ဖြစ်ခဲ့တာ။စကားတစ်ခွန်းမှမဆိုပဲသူ့အကိုနောက်လိုက်လာတဲ့gemကိုနောက်မှစကားမပြောနိုင်မှန်းငါသိခဲ့တာ။

Geminiကထူးဆန်းသည်။သူကမှန်းရခက်၏။ငါတို့ကြားမှာညိယူစရာသိပ်မရှိပေ။ငယ်ငယ်ကတည်းကနားမကြားသည့်အဖိုးနှင့်အတူနေလာတာမလို့ငါနဲ့gemကြားလွယ်လွယ်ကူကူနှင့်ပင်နားလည်နိုင်၏။

အစမှာသိပ်မရင်းနှီးကျပေမယ့်ထူးဆန်းစွာငါသွားနေကျစာကြည့်တိုက်မှာgemအားအမြဲလိုလိုတွေ့နေရာကနေငါတို့စခင်မင်ခဲ့ကြတာ။

စကားလုံးအသံထွက်တွေနဲ့ရင်းနှီးပေမယ့်တစ်ခါတစ်ရံမှာလက်အမူအရာသုံးပြီးငါပြောရ၏။geminiကငါ့အပေါ်ကောင်းပါသည်။တော်တော့ကိုကောင်းတာဟုဆိုရမည်။

ကျောင်းမတူပေမယ့်gemကကျောင်းဆင်းချိန်တိုင်းငါ့ကိုလာကြိုလေ့ရှိသည်။အဲ့အပြင်ကိုဝါသနာတော်တော်များများကပါတူညီကြတာမလို့ငါတို့ကအတွဲညီ၏။

မရတဲ့စာတွေကိုgeminiကပြသည့်အပြင်တွက်ပြ၍လည်းရှင်းပြ၏။စနေ၊တနင်္ဂနွေနေ့တွေမှာတောင်ငါ့အိမ်ကိုလိုက်လာတဲ့ထိငါတို့ခင်ကြသည်။

Physicဖော်မြူလာရှာနေတုန်းဖုန်းဆက်လာသည်မလို့ငါကိုင်လိုက်သည့်အခါcontactကnicknameလေးကြောင့်ပြုံးမိသွား၏။

"Hello ka"

'nongပိစိလေးဘာလုပ်နေလဲ'

ဖုန်းထဲကအသံကြောင့်ငါပြုံးမိသည်။p'mark!တစ်နည်းအားဖြင့်ငါ့ရည်းစား။ငါတို့တွဲလာတာ၁နှစ်ကျော်ပဲရှိသေးပေမယ့်p'markနဲ့ငါကစေ့စပ်ထားသည်။

Psychopath became my boyfriend (geminifourth ff✅)Where stories live. Discover now