obsessed(18+)

2.2K 138 62
                                    

မင်းကအရူးကောင်။

နေမထွက်တော့တဲ့နေ့တွေ။ဒီနေ့လည်းအရင်လိုပါပဲ။ငါဟာအခန်းကျဉ်းလေးထဲမှာပိတ်မိနေတုန်း။ရာသီဥတုကအေးလာသည်။

ဈေးကြီးတဲ့ရေမွှေးအနံ့နဲ့ဆွယ်တာအင်္ကျီဟာငါ့ကိုယ်မှာရှိနေ၏။ဒီရက်ပိုင်းမှာgeminiဟာထင်သလောက်တော့မဆိုးသွမ်းတော့ပေ။

ဒါကငါ့ကိုစိတ်သက်သာရာရစေသည်။သူ့စကားတွေနားထောင်တဲ့ရလဒ်အနေနဲ့ငါ့ခြေချင်း၀တ်နဲ့လက်ကချိန်းကြိုးတွေမရှိတော့ပေ။

သို့သော်geminiကသိပ်လည်သည့်လူမဟုတ်လား။ပြတင်းပေါက်တွေကအစအိမ်တံခါးတွေအဆုံးသော့ခတ်ထားလေသည်။

ကုတင်ပေါ်တွင်စောင်ခြုံရင်းငါကွေးကွေးလေးအိပ်နေမိသည်။geminiဘယ်ရောက်နေမှန်းငါမသိပေ။သိချင်စိတ်လည်းမရှိ။

အခန်းထဲကတဒေါက်ဒေါက်မြည်နေတဲ့နာရီသံကငါ့ကိုအဖော်ပြုပေး၏။အဲ့နောက်ငါဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။အိပ်ခန်းကလွဲပြီးဘယ်အခန်းမှငါမရောက်ဖူးဘူးမလား။

အခန်းတံခါးကိုခပ်ဖွဖွလေးဖွင့်ကြည့်တော့လော့မချထားတာကြောင့်ငါပျော်သွားသည်။အနီရောင်ကော်ဇောခင်းထားသည့်ကော်ရစ်တာတစ်လျောက်ကိုငါကြည့်လိုက်သည့်အခါဒီအိမ်ဘယ်လောက်တောင်ကြီးမလဲမှန်းဆမိသည်။

အပေါ်ထပ်မှာစုစုပေါင်း၅ခန်းနီးပါးရှိပေမယ့်၂ခန်းကလွဲပြီးကျန်တဲ့အခန်းအကုန်လော့ချထား၏။ငါလှေကားကနေတစ်ဆင့်အောက်သို့ဆင်းလာသည့်အခါမီးဆိုင်းအကြီးကြီးကဧည့်ခန်းအတွင်းနေရာယူထားလျက်ရှိသည်။

အံဩစရာပဲ။geminiကဒီလောက်ထိချမ်းသာတာလား?ငါ့ခေါင်းတွေကိုခါယမ်းရင်းအောက်သို့ဆင်းလာမိသည်။မျှော်လင့်ချက်ကလေးဖြင့်အိမ်တံခါးမကြီးကိုဖွင့်ဖို့ကြိုးစားကြည့်တော့သော့ခတ်ထားတာမလို့ငါသက်ပြင်းချလိုက်သည်။

Geminiကဘယ်ရောက်နေတာလဲ။ကျယ်၀န်းလွန်းသည့်ဧည့်ခန်းကိုပတ်ကြည့်ရင်းမီးဖိုခန်းသို့ငါရောက်လာသည်။ဓားဆိုဒ်စုံရှိတဲ့မီးဖိုအနားကိုကြည့်ရင်းငါကြက်သီးတောင်ထသွားသည်။

Psychopath became my boyfriend (geminifourth ff✅)Where stories live. Discover now