this feeling

1.3K 140 42
                                    

နားမလည်နိုင်တဲ့ဒီခံစားချက်။

"ထွက်ပြေးဖို့မကြိုးစားနဲ့နော်..ငါသေချာပေါက်၄နာရီမထိုးခင်ပြန်လာခဲ့မယ်fourth"

"..."

ငါတိတ်ဆိတ်နေမိသည်။geminiကငါ့ခြေချင်း၀တ်တွေကိုချိန်းကြိုးဖြင့်ခတ်ကာသော့ခတ်လိုက်၏။လက်တွေရော၊လည်ပင်းတွေပါချိန်းကြိုးတွေတပ်ထားတာမလို့ထွက်ပြေးမယ်ဆိုရင်တောင်လွှတ်မယ့်ကိန်းမရှိ။

"ရူးနေတာလား?..မင်းငါ့ကိုလုပ်ထားတာတွေလည်းကြည့်ဦးဒီပုံနဲ့ပြေးရအောင်ငါကပါဝါရိန်းဂျားမှမဟုတ်တာ"

ငါ့အပြောကိုgeminiကရီ၏။အဲ့နောက်ပေါက်ပြဲနေသည့်ငါ့နှုတ်ခမ်းတွေအားဖွဖွလေးနမ်း၏။သူကမခွဲချင်သည့်ပုံ။ငါ့တစ်ကိုယ်လုံးကိုတင်းနေအောင်ဖတ်ထားသည်။

"စိတ်မချလိုက်တာ..ငါသေချာပေါက်ပြန်လာမှာမလို့မင်းကရှိနေနော်..ငါ့ကိုစောင့်နေနော်..ကျေးဇူးပြုပြီး..fourthနော်.."

"Gem!အပြင်ခဏသွားမှာမလားမင်းငါ့ကိုအဲ့လောက်ထိန်းချုပ်ပြီးတာတောင်မင်းလက်ကလွှတ်သွားမှာကိုကြောက်နေတာလား?"

ငါ့ကိုဖက်သွယ်ထားတဲ့Geminiရဲ့လက်တွေကပိုတင်းလာသည်။'စောင့်နေနော်'ဟုအထပ်ထပ်အခါခါပြောနေတာကြောင့်ပုခုံးအားပြန်ဖက်လိုက်ရင်းအင်းလို့ပြောမျှgemini
ကလွှတ်ပေး၏။

အဲ့နောက်black suitနဲ့geminiဟာငါ့နဖူးအားနမ်းလိုက်ရင်းထွက်သွား၏။အပြင်ဘက်ကသော့ခလောက်သံကိုငါကြားသည်။ကျွဲလိုကောင်!အခန်းတံခါးပါပိတ်ထားတာတောင်ငါထွက်ပြေးမှာကြောက်နေတုန်း။

လှုပ်ရှားလို့မရမယ့်အတူတူငါမွေ့ယာပေါ်သို့လှဲအိပ်လိုက်သည်။လည်ပင်းကချိန်းကြိုးကြောင့်အနည်းငယ်နေရခက်၏။သို့သော်ဒါ‌တွေကအသားကျသွားပါပြီ။

ဒီနေ့geminiကထူးဆန်းစွာငါ့အားထမင်းခွံ့နေရင်းဖုန်း၀င်လာတာကြောင့်အင်္ကျီလဲပြီးထွက်သွားရ၏။မသွားခင်လဲငါ့တစ်ကိုယ်လုံးကိုချုပ်နှောင်ကာသူ့အားစောင့်ဖို့အတန်တန်မှာနေလေသည်။

ဒီလိုအနေထားကြီးနဲ့သူပြန်လာတောင်ငါကစောင့်နေရမှာကိုတစ်နေကုန်ငါ့အားထမင်းတစ်နပ်ကျွေးရင်းထွက်သွားတာကြီးကတော့လွန်လွန်း၏။

Psychopath became my boyfriend (geminifourth ff✅)Where stories live. Discover now