become my boyfriend

2.1K 150 73
                                    

မင်းကိုငါချစ်မိခဲ့တယ်..

"ဟို..ဆရာမဗျ အခြေအနေကသက်သာရဲ့လား"

အခန်းဖြူလေးထဲကထွက်လာတဲ့ဆရာမကခေါင်းခါပြတာကြောင့်phuwinသက်ပြင်းတစ်ချက်သာချလိုက်မိသည်။ဆိုးဝါးလိုက်တာ။

ဆရာမကိုအိမ်ရှေ့ထိလိုက်ပို့ပေးခဲ့ပြီးငါ့ခြေလှမ်းတွေကအိမ်ပေါ်ထက်ကအခန်းစီသို့။

"Gemini"

အသက်မ၀င်တဲ့မျက်၀န်းတွေ။ဒီရက်တွေမှာgeminiဟာသိသိသာသာပိန်ကျသွား၏။အစောကမှစိတ်ငြိမ်ဆေးထိုးထားသည်မလို့geminiဟာရန်မလုပ်ပေ။

ပြင်သစ်ကိုရောက်ခဲ့တာအချိန်တစ်ခုရှိခဲ့ပြီ။geminiရဲ့အခြေနေဟာမတိုးတက်လာခဲ့ပေ။တစ်ခါတစ်လေအရူးလိုစိတ်တိုကာအော်ဟစ်နေခဲ့ပြီးတစ်ခါတစ်လေကျပြန်လဲငိုယိုကာပြန်လာပေးဖို့တောင်းဆိုနေတတ်၏။

"မင်းပျင်းနေလား?phiတို့တစ်နေရာရာသွားလည်ကြမလား"

Geminiနှုတ်ခမ်းထောင့်တွေကပြုံးသွား၏။

"Fourth..သူ့စီသွားချင်တယ် မဟုတ်ဘူး.. fourthကိုအနားမှာခေါ်ထားချင်တယ်"

စကားစမိတာကိုကမှားတာ။ထင်ထားတာထက်geminiရဲ့ကျန်းမာရေးကဆိုးဝါးနေသည်။တစ်ဦးတည်းသောညီလေးမလို့အလိုလိုက်ခဲ့တာဒီလောက်ထိဖြစ်သွားမယ်လို့ငါမထင်ခဲ့မိပေ။

ဆယ်ကျော်သက်အရွယ်မှာစိတ်ကျရောဂါသိသိသာသာခံစားနေရတဲ့ကောင်ငယ်လေးကလူတစ်ယောက်အပေါ်အဲ့လောက်အစွဲလမ်းကြီးထားမယ်လို့ကြိုတင်သိခဲ့မိရင်ငါfourthနဲ့မမိတ်ဆက်ပေးလိုက်သင့်ဘူး။

Geminiအနားသို့သွားလိုက်ရင်းကုတင်ဘေးတွင်တင်လွှဲကာထိုင်လိုက်၏။အဲ့နောက်ပတ်တီးဖွေးဖွေးလေးစည်းထားတဲ့လက်တွေအားငါဆုပ်ကိုင်လိုက်သည်။

"မင်းသိလား fourthကမင်းကိုမေ့သွားပြီ..ဒီလအတွင်းမှာပဲmarkနဲ့လက်ထပ်တော့မယ်လို့ငါကြားတယ်"

"..."

Phuwinကသက်ပြင်းတစ်ချက်ချ၏။

"ခုချိန်မှာမင်းလုပ်နိုင်တာကfourthကိုမေ့ဖို့ပဲgemini..‌ဒီလောက်ပဲအစွဲထားပါတော့နော် ဒါကမင်းအတွက်ပြောနေတာ"

Psychopath became my boyfriend (geminifourth ff✅)Where stories live. Discover now