mystery

1.4K 140 34
                                    

ထူးဆန်းတဲ့လူ။

ပျော်ဖို့မကောင်းဘူး!ဒီရက်ပိုင်းတွေမှာငါ့အတွက်အရမ်းထူးဆန်းနေခဲ့တယ်။တစ်‌ယောက်ယောက်ကငါ့ကိုအမြဲစောင့်ကြည့်နေသလိုမျိုး။

စိတ်ထင်ယောင်ထင်မှားဖြစ်တယ်လို့ငါသတ်မှတ်ခဲ့ပေမယ့်ဒါကမဟုတ်ခဲ့ဘူး။ငါ့နောက်မှာအမြဲလိုလိုလူတစ်ယောက်ရှိနေသလို၊အဲ့ခံစားချက်ကြီးအမြဲငါ့ကိုခြောက်လန့်နေသည်။

ဒါတွေကလွန်ခဲ့တဲ့ရက်အနည်းငယ်ကစဖြစ်တာ။ငါ့သူငယ်ချင်းတွေကိုပြောပြခဲ့ပေမယ့်ပင်ပန်းတာတွေများလို့‌အတွေးလွန်နေတာပါလို့သာအဖြေပြန်ရလေသည်။

ဒါလည်းဖြစ်နိုင်တာပဲ။ငါ့အတွေးတွေကိုလက်စဖြတ်ရင်းပုံမှန်နေ့တွေလိုပဲဖြတ်သန်းရန်ကြိုးစားလိုက်သည်။လေပူတစ်ချက်မှုတ်ထုတ်ရင်းရေချိုးရန်ငါပြင်ဆင်လိုက်သည်။

ရေအေးအေးတွေငါ့ခေါင်းပေါ်ကျရောက်လာတဲ့အခါထင်ထားတာထက်အများကြီးပိုနေလို့ကောင်းလာသည်။ညနေစောင်းနေပြီမလို့ငါခပ်မြန်မြန်ချိုးလိုက်၏။

ရေချိုးပြီးပြီးချင်းမီးပျက်သွားတာကြောင့်ငါလန့်သွား၏။အိုးးအိမ်မှာငါတစ်ယောက်ထဲ။စိတ်ပျက်စွာညည်းညူနေတုန်း
P'markစီကဖုန်း၀င်လာတာမလို့ငါပျော်သွားသည်။

"Hello phi~"

'ဟဟ ကိုယ့်ကလေးလေးဘာလုပ်နေလဲ~'

ဖုန်းထဲကအသံလေးကငါ့ကိုပျော်မြူးစေသည်။

"ခုမှရေချိုးပြီးတာ မီးပျက်နေလို့"

'အင်းးအိမ်မှာတစ်ယောက်ထဲလား?phiလာခေါ်ပေးမယ်လေဒီညအပြင်မှာလည်ရအောင်'

ချက်ချင်းဆိုသလိုငါ့မျက်၀န်းတွေတောက်ပသွားသည်။သဘောတူလိုက်ရင်းဗီရိုထဲကလက်ရှည်အင်္ကျီအပါးလေးနှင့်ဘောင်းဘီပွပွလေးအားယူကာတွဲ၀တ်လိုက်သည်။

P'markကအလုပ်များတာမလို့ငါတို့ဒိတ်ရတဲ့အချိန်ဆိုတာနည်းသည်။ဒီနေ့တော့ရည်းစားလေးနဲ့အပြင်ထွက်လည်ရမှာမလို့ငါအပျော်တွေပက်မဖုံးနိုင်စွာ။

ပြင်ဆင်ပြီးတဲ့အခါအိမ်ရှေ့ကကားဟွန်းသံကြောင့်
phiရောက်လာမှန်းငါသိလိုက်သည်။ငါအပြေးသွားကာphiကိုဖတ်လိုက်တော့p'markကခပ်ဟဟလေးရီရင်းငါ့အားပြန်ဖတ်လာ၏။

Psychopath became my boyfriend (geminifourth ff✅)Where stories live. Discover now