help!!(18+)

2.5K 144 32
                                    

မင်းကgeminiမဟုတ်ဘူး!!

ဒီနေ့ရာသီဥတုတွေဖောက်ပြန်နေတယ်။နွေရာသီကြီးမှာမိုးတွေသည်းထန်စွာရွာနေတာမလို့ငါသက်ပြင်းတစ်ချက်သာချလိုက်သည်။

P'markနဲ့ချိန်းထားတာကို!ခုတော့အိမ်မှာတစ်ယောက်ထဲနေရပြီ။အမေကလွန်ခဲ့တဲ့၁ပတ်ကတည်းကခရီးသွားနေခဲ့တာမလို့နောက်ရက်အနည်းငယ်မှပြန်ရောက်မည်တဲ့လေ။

မိုးကရွာ၊မီးကပျက်နဲ့ကြားထဲphiကပါဖုန်းမကိုင်တော့ငါ၀မ်းနည်းလာသည်။ဆိုဖာပေါ်မှာခွေခွေလေးထိုင်နေတုန်းအိမ်ရှေ့တံခါးခေါက်သံကြောင့်ငါလန့်သွားသည်။

မိုးတွေအဲ့လောက်သည်းနေတာဘယ်သူလာတာလဲ။ငါပြတင်းပေါက်နားကနေချောင်းကြည့်လိုက်တော့geminiဖြစ်နေတာကြောင့်ပျော်သွားသည်။

ချက်ချင်းဆိုသလိုငါတံခါးပြေးဖွင့်လိုက်၏။ထီးတစ်ချောင်းနဲ့gemဟာလက်ထဲကအကင်ထုတ်တွေကိုပြတော့ငါပြုံးရီရင်းအိမ်ထဲသို့ဆွဲခေါ်လာလေသည်။

သိတတ်လိုက်တဲ့သူငယ်ချင်းလေး။မိုးတွေစိုနေတဲ့အင်္ကျီအားလဲခိုင်းလိုက်ရင်း၀ယ်လာသည့်အကင်များအားပန်းကန်ပြားထဲထည့်ကာငါစောင့်နေလိုက်သည်။

ခဏအကြာမှာgemကထွက်လာ၏။ငါဘေးနားမှာထိုင်ဖို့လက်ယှက်ခေါ်လိုက်တော့geminiကလာလေသည်။

"အိုးးး မီးပျက်နေတော့ငါကအထီးကျန်နေတာတော်သေးတယ်မင်းရောက်လာလို့ဟီးဟီး"

Geminiကပြုံးရုံသာပြုံးပြသည်။အဲ့နောက်ပါးစပ်ထဲတွေ့ရာစကားတွေပြောရင်းအကင်လေးစားကာငါပျော်မြူးနေမိသည်။geminiကစကားမပြောတတ်ပေမယ့်လက်အမူအရာတွေနဲ့ပြန်တုန့်ပြန်လာတဲ့အခါငါပျော်၏။

"P'markက ကတိလည်းမတည်ဘူးငါ့ကိုအချိန်ပေးမယ်ဆိုပြီးအလုပ်ကြီးပဲလုပ်နေတာ"

Geminiကခေါင်းငြိမ့်ပြ၏။အဲ့နောက်ငါမကျေနပ်သည့်အကြောင်းရာများအားရင်ဖွင့်နေမိသည်။တစ်ခါတစ်လေgeminiရှိတော့လည်းကောင်းသား။

ငါဘာဖြစ်ဖြစ်ငြိမ်ငြိမ်လေးနားထောင်ပေးတတ်တဲ့အကျင့်လေးကချစ်စရာ။ဒီနေ့ကမိုးအေးပေမယ့်သူငယ်ချင်း၀ယ်လာပေးတဲ့၀က်သားကင်တွေကြောင့်ငါအထီးမကျန်တော့ပေ။

Psychopath became my boyfriend (geminifourth ff✅)Where stories live. Discover now