since childhood

903 118 35
                                    

အကယ်၍မင်းသာထွက်မ‌ပြေးခဲ့ရင်။

"မင်းအကူညီမလိုဘူးလို့ပြောနေတယ်လေ!"

သွေးထွက်နေသည့်ဒူးခေါင်းကိုဖိပြီးငါgeminiအားအော်လိုက်သည်။

"Fourth..မင်းကလည်း"

Fordကအားနာသလိုပြောနေပေမယ့်ငါအလျော့မပေးနိုင်ပေ။geminiကမျက်မှောင်ကုပ်ကာငါ့အားကြည့်နေ၏။

"မင်းကဒဏ်ရာရထားတာနော်fourthခေါင်းမာမနေစမ်းနဲ့"

ဒူးခေါင်းကိုထပ်မံထိကိုင်ဖို့လုပ်နေတဲ့geminiလက်ထဲကငါရုန်းလိုက်သည်။အဲ့နောက်fordရဲ့လက်အားဆွဲလိုက်ရင်းထိုင်နေရာမှငါထလိုက်သည်။

Geminiကစိတ်ပျက်သလိုကြည့်၏။ဘာလုပ်ရမှာလဲအဲ့တော့!ငါပေကပ်ကပ်ဖြင့်fordအားအခန်းထဲကူတွဲပေးရန်ပြောလိုက်သည်။နောက်မှာgeminiဘယ်လိုကျန်ခဲ့မလဲငါစိတ်မ၀င်စားပေ။

ဒီနေ့မနက်ငါ့အကိုတို့မအားတာကြောင့်busစီးရင်းငါကျောင်းလာရ၏။ဒါကကံဆိုးမှုပဲ။စောစောစီးစီးကိုငါမုန်းတဲ့ရုပ်ချောကောင်နဲ့ကားပေါ်မှာ‌တွေ့ရော။

ဒါတင်မကသေးဘူးလူကြပ်တာမလို့သူနဲ့ငါပူးကပ်ကပ်ဖြင့်ထောင့်မှာထိုင်ရ၏။စိတ်ညစ်စရာ။ပြဿနာကဒီမှာတင်ဆုံးမယ်ထင်လား။

သေချာပေါက်မဟုတ်ဘူးပေါ့။ဟိုလူကတွန်း၊ဒီလူကတွန်းနဲ့ကားပေါ်ကဆင်းဆင်းချင်းပင်ငါခြေမထိန်းနိုင်ပဲမှောက်ရက်လဲကျသွားလေသည်။

အောင့်ရုံပဲအောင့်သွားပေမယ့်ကျောင်းရှေ့ရောက်မှဒူးခေါင်းကွဲသွားမှန်းသိလေသည်။သွေးတွေထွက်လာတာမလို့ငါကျောင်းရှေ့ကခုံတန်းရှည်တစ်ခုမှာ၀င်ထိုင်ရင်းတစ်ရှုးဖြင့်သုတ်နေလိုက်လေသည်။

ခဏအကြာမှာgeminiကငါ့အနားရောက်လာ၏။သူကကူညီပေးမလို့ကြိုးစားပေမယ့်ငါသူ့အကူညီမလိုချင်ပါ။ရုတ်တရပ်ငါ့ရှေ့ထိုင်ချလိုက်ပြီးကူညီဖို့လုပ်နေတာကြောင့်ငါငြင်းလိုက်သည်။

ဒါကိုဂရုမစိုက်ပဲသွေးထွက်နေသည့်ဒဏ်ရာကိုသူ့မှာပါလာသည့်ဆေးဖြင့်လိမ်းပေးဖို့လုပ်၏။အကူညီမလိုဘူးငြင်း၍အခြေတင်စကားများနေသည့်ငါတို့ကိုfordက‌မြင်ကာငါ့ဆီအပြေးလာလေသည်။

Enchanted (geminifourth ff✅)Where stories live. Discover now