Enemies to lovers

1K 114 86
                                    

ငါ့ရန်သူကငါ့ကောင်လေးဖြစ်လာတယ်!

"Fourth!"

ရှီရ်းးး!!အဲ့လောက်တွယ်ကပ်ပြီးလာတာတောင်မြင်ဖြစ်အောင်
မြင်သေးတယ်။လွယ်အိတ်ကိုကာလျက်ငါအတန်းထဲသို့မ၀င်ပဲကျောင်းနောက်ဖက်ကိုပြေးလာလိုက်သည်။

သေတော့မှာပဲfourth။ဒီနေ့မနက်ကျောင်းသွားရတာဟာထင်ထားတာထက်ရှက်ဖို့ကောင်းနေတယ်။အကောင်ကိုက်ထားသလိုယောင်နေသေးတဲ့နှုတ်ခမ်းကြောင့်ငါ့မှာmaskတပ်လာရသည်။

ကျောင်းနောက်ဘက်တွင်ခဏပုန်းကာငါအကွယ်ကနေချောင်းကြည့်လိုက်၏။geminiမရှိတော့ဘူး!ခုမှငါသက်ပြင်းချနိုင်တော့သည်။

အဲ့နောက်ပတ်၀န်းကျင်ကိုစစ်ပြီးငါထွက်မလို့လုပ်တုန်းနောက်ကနေလက်လှမ်းဆွဲခံရတာမလို့လန့်သွားသည်။

"Gem!"

Geminiကငါ့ကိုစိုက်ကြည့်နေ၏။အဲ့နောက်နံရံတွင်ကပ်ကာထွက်မပြေးနိုင်အောင်လက်ဖြင့်ဘေးဘက်သို့ကာထားလေသည်။ကျောင်းအိတ်ကလေးပိုက်ရင်းငါအကြည့်လွဲလိုက်သည်။

"Fourth..ငါ့ကိုကြည့်"

ရှောင်ပြေးနေတဲ့ငါ့မျက်၀န်းတွေကြောင့်geminiကစိတ်ရှုပ်သွားဟန်။ငါ့မေးကို‌ကိုင်ကာသူ့ဘက်သို့လှည့်လိုက်၏။geminiရဲ့မျက်နှာငါ့အနားသို့ပို၍တိုးလာသည့်အခါငါ့ပါးများရဲတက်လာသည်။

ရုတ်တရပ်ငါ့maskကိုဆွဲချွတ်လိုက်တာမလို့ငါ့မျက်၀န်းများပြူးကျယ်သွားသည်။ငါ့အပြုအမူတွေကိုgeminiကသဘောကျသလိုရီ၏။

"လွှတ်..ကျောင်း..ကျောင်းတက်တော့မယ်"

"ခုမှ၈နာရီပဲရှိသေးတယ်fourth မင်းဘာလို့ငါ့ကိုရှောင်နေတာလဲ"

မနေ့ကအဖြစ်ပျက်တွေမျက်စိထဲပြန်မြင်ယောင်လာသည့်အခါငါရင်တွေတုန်လွန်းလို့ခန္ဓာကိုယ်တောင်မတ်မတ်မရပ်နိုင်တော့ပေ။

"အဟဟ မင်းကိုဘယ်သူကရှောင်လို့လဲ..ငါတို့ကရန်သူတွေလေ!မင်းကိုရှောင်သလိုလုပ်တာဘာထူးဆန်းလဲ"

Geminiရဲ့မျက်ခုံးတွေတွန့်ချိုးသွားသည်။အဲ့နောက်သူကအသက်ရှုသံတွေပင်ကြားရလောက်တဲ့ထိနီးကပ်လာသည်။

Enchanted (geminifourth ff✅)Where stories live. Discover now