Hug me more!(joongdunk)

1.1K 74 62
                                    

ကိုယ့်ရဲ့အကိုပေါက်စလေး။

"လက်မခံဘူး!"

"Phi.. "

"ငါကလက်မခံဘူးဆိုတော်တော့လေ!!သွား သွားမင်းကိုငါ့ညီနဲ့သဘောမတူနိုင်ပါဘူး"

Geminiကိုအတင်းမောင်းထုတ်နေတဲ့p'joongကြောင့်ငါ့မှာဆွဲတားရသည်။ရည်းစားကဘယ်ကောင်လဲဟုမေးလို့ခေါ်လည်းပြရသေး။လက်ကလည်းမခံ။

P'pondတောင်ဘာမှမပြောတာကြီးကို!ဒါသက်သက်မဲ့အကျင့်ယုတ်တာ။

"Phiကျွန်တော်.."

"တော်တန်တိတ်!သဘောမတူဘူးပြောပြီးပြီမလား ဘာမှရှင်းပြဖို့လဲမစဉ်းစားနဲ့သဘောမတူဘူးဆိုမတူဘူးပဲ!"

ငါ့မှာgeminiကိုအပြင်လိုက်ပို့ခွင့်လဲမရ။gemကဘာမှတော့မပြောပေမယ့်ငါနဲ့မပြတ်ချင်တာအသိသာကြီး။

အကျင့်ယုတ်တဲ့phiကငယ်သေးလို့၊မကြိုက်လို့သဘောမတူဘူးတွေဇွတ်လုပ်နေတာကြောင့်ငါနားညီးလွန်းလို့အခန်းထဲသာ‌အပြေး၀င်သွားလိုက်သည်။

'ငိုရင်လည်းသဘောမတူဘူး'ဟုအောက်ကနေလှမ်းအော်တာကြောင့်ငါသက်ပြင်းတစ်ချက်သာချလိုက်၏။ဒီအကိုကတော့။

သိပ်မကြာခင်မှာပဲဖုန်းဖွင့်လိုက်ရင်းအိမ်‌ရှေ့မှာကားရပ်ကာ
မပြန်သေးသည့်geminiနှင့်ငါline appကနေစကားပြောနေမိသည်။ဆယ်ကျော်သက်အရွယ်မှာရည်းစားထားရတာပျော်စရာကြီးခိခိ။

______________________________

ဒီနေ့ရာသီဥတုသာယာနေသည်။မဟုတ်သေးဘူးနှလုံးသားရဲ့အနီးတစ်ဝှိုက်မှာပဲသာယာနေတာ!ကျောက်စားပွဲပေါ်တွင်ထိုင်ရင်းငါ့ဘေးကစာလုပ်နေသည့်အကိုပေါက်စလေးကိုကြည့်နေမိသည်။

Dunkကချစ်စရာလေး။မျက်မှန်လေးတပ်ထားပြီးမျက်နှာသွယ်သွယ်လေးကလှလည်းလှသည်။Dunkကကြောင်လေးနဲ့တူသည်။24နာရီလည်းငါ့နားတွင်ရှိနေရင်ကောင်းမည်။

"dunk..ဗိုက်မဆာဘူးလား"

"မင်းကဗိုက်ဆာနေလို့လား"

ငါကလေးလေးလိုမျိုးခေါင်းငြိမ့်ပြတော့Dunkကသနားစိတ်လေး၀င်ကာခဏလေးနော်ဟုပြောရင်းစာရွက်များအားသိမ်းကာကန်တင်းသွားရအောင်ဟုပြောလေသည်။

Enchanted (geminifourth ff✅)Where stories live. Discover now