Date with little nong (pondphuwin)

1K 92 38
                                    

နေသာတဲ့နေ့တစ်နေ့။

"Nong'!!nong'phuwin!"

စိတ်ရှုပ်သလိုလှည့်ကြည့်လာတဲ့ကောင်လေးကြောင့်ငါပြုံးမိသွားသည်။

"Phiကျွန်တော့်ဆီကဘာလိုချင်လို့လဲဗျ?"

အသံလေးကိုကစိတ်မရှည်သလိုလေး။အရာရာအပေါ်အ‌ကောင်းမြင်စိတ်လေးမထားတတ်တာကချစ်စရာ။ငါပြုံးလိုက်ရင်းနုန်းသေးသေးလေးကိုကြည့်လိုက်သည်။

"ဟို..ကိုယ်ဒီနေ့ရုပ်ရှင်ကြည့်ဖို့ သူငယ်ချင်းတွေကနေမကောင်းတော့နုန်းများလိုက်မလားလို့လေ"

ငါ့nongလေးသေးသေးလေးကခဏစဉ်းစားသွားဟန်။အဲ့နောက်ခေါင်းငြိမ့်ပြလေသည်။ဒါကငါ့ကိုပျော်သွားစေ၏။ညနေလောက်ကျအိမ်လာကြိုဖို့ပြောရင်းငါ့ကလေးလေးကထွက်သွား၏။

ကျောပြင်သေးသေးလေးကိုရင်းနှီးခဲ့တာလွန်ခဲ့တဲ့နှစ်ပတ်လောက်က။ငါ့နုန်းလေးကengineering majorနဲ့ပထမနှစ်မှာတတ်ရောက်နေပြီးactiveဖြစ်တဲ့အကောင်ပေါက်လေးပေါ့။

ငါ့သည်းသည်းလေးဆိုလည်းမမှားပါဘူးခိခိ။နုန်းphuwin
လေးကငါ့ထက်၂နှစ်ငယ်သည်။သည်းသည်းကခင်မင်ဖို့လွယ်ကူတဲ့ထဲတော့မပါပေ။

စစတွေ့ချင်းကတောင်သူ့ဖက်ကခြေထောက်တက်နင်းပြီးကိုယ်မဖယ်တာဟူ၍ရန်တွေ့သေး၏။ဒါလေးကလည်းဆွဲဆောင်မှုတစ်မျိုး။

ကြည့်မရဘူးဟုထိုးသွားသည့်မျက်စောင်းကလေးကငါ့ရဲ့နှလုံးသားလေးကိုလှုပ်ခတ်သွားစေခဲ့တာ။joongတစ်ယောက် phuwinကသူ့အချစ်ဦးလေးပါလို့ပြောတုန်းကငါ့မှာလန့်သွားရသေး။

နောက်မှအကိုနဲ့ညီမှားတာတဲ့လေ။တော်ပါသေးရဲ့။အချိန်တွေကိုနောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင်ငါ့နုန်းပိစိလေးနဲ့အမှတ်တရတွေတော့သိပ်မရှိခဲ့ပေ။

အဲ့ထက်ရန်တွေ့ခံရတာကပိုများနေသည်ဟုငါခံစားရ၏။ကြိုက်လွန်းလို့သူ့မေဂျာထိလိုက်သွားလိုက်ပါတယ်။သူငယ်ချင်းရဲ့ရည်းစားဟောင်းနဲ့မှားပြီးရေနဲ့ပတ်ခံရသေး။

အဲ့တာတင်မကသေးပါဘူး။အမည်လေးသိလိုသိငြားအနောက်ကနေလိုက်မေးမိပါတယ်။နှာဘူးဟူ၍ငါ့ခေါင်းအားသူ့လက်ကိုင်အိတ်နှင့်ခေါက်ထည့်လိုက်သေးသည်။

Enchanted (geminifourth ff✅)Where stories live. Discover now