i don't understand this feeling!

1K 117 63
                                    

ဒီခံစားချက်ကိုငါတစ်ကယ်နားမလည်တော့ဘူး။

"Nong! nongခဏရပ်ပါဦး"

ကျောပြင်သေးသေးလေးကိုအမှီလိုက်ရင်းအနောက်ဘက်ကနေလက်မောင်းကိုလှမ်းဆွဲလိုက်တော့မျက်နှာသွယ်သွယ်လေးကကြည့်လာ၏။

ငါ့နှုတ်ခမ်းမှာအပြုံးတွေဝေဆာလာသည်။နုန်းသေးသေးလေးကမျက်မှန်ကိုတစ်ချက်ပင့်တင်ကာလက်မောင်းကိုကိုင်ထားသည့်ငါ့လက်အားပုတ်ထုတ်၏။

"ဘာလိုချင်လို့လဲဗျ"

"ကိုယ့်ကိုမမှတ်မိဘူးလား"

စူးစမ်းသလိုလေးကြည့်နေတာကိုကအသဲယားစရာ။အဲ့နောက်ခေါင်းခါပြ၏။ငါပြုံးသာပြုံးနေနိုင်တော့သည်။ဒီကောင်လေးကချစ်ဖို့တအားကောင်းတယ်!

"ကိုယ်ကpondပါ။နောက်ဆုံးနှစ်က တက္ကသိုလ်ဖွင့်ပွဲတုန်းကကိုယ်တို့တွေ့သေးတယ်လေ"

ထပ်ပြီးအဲ့မျက်မှန်လေးကိုပင့်တင်ပြန်ပြီ။အဲ့နောက်သွားဖြူဖြူလေးတွေပေါ်အောင်ရီပြလေသည်။

"ကျနော်မသိဘူးဗျ"

အဲ့လောက်တောင်တုံးရလား!ငါသက်ပြင်းတစ်ချက်ချရင်းထိုကောင်လေးရှေ့သို့အနည်းငယ်ကပ်လိုက်ကာမျက်မှန်အားဆွဲချွတ်လိုက်သည်။

စွာမလို့လုပ်နေတာလေးကအသက်။အဲ့နောက်ပြုံးလိုက်ရင်းမျက်မှန်ကလေးကိုပြန်တပ်ပေးလိုက်တော့ငါ့အားကြောင်တောင်တောင်ကြည့်နေလေသည်။

"မှတ်မိပြီလားnong"

ပါးလေးတွေရဲတက်သွားတာကိုမြင်သည်။နုန်းသေးသေးလေးကချစ်ဖို့ကောင်းသည်။

"Phuwin!!"

နုန်းသေးသေးလေးရဲ့အမည်လား?ချစ်စရာကောင်းလိုက်တာ။အဲ့နောက်တစ်ဟားဟားရီကာပြေးထွက်သွားပုံကအသဲယားစရာ။fourthနောက်လိုက်လာခဲ့တာမှန်သွားပြီလို့ငါထင်မိသည်။

ပထမနှစ်ကငါမြင်မြင်ချင်းသဘောကျမိတဲ့နုန်းသေးသေးလေးကဒီမှာရှိနေမယ်လို့မထင်ထားမိတာအမှန်။ဘုရားသခင်ကောင်းချီပေးတာပဲ။

စစတွေ့တုန်းကလိုပင်ဘာကိုမှအကောင်းမြင်စိတ်မထားတဲ့မျက်နှာလေးနဲ့အစွာလေးနုန်းကငါ့ရဲ့နှလုံးသားလေးကိုဒုတိယအကြိမ်ထပ်ခုန်မင်စေပြန်ပြီ!အိုးးကိုယ်ရူးတော့မယ်phuwin။

Enchanted (geminifourth ff✅)Where stories live. Discover now