we will never be together

1.2K 116 35
                                    

ငါတို့ကဘယ်သောမှအတူမဖြစ်နိုင်ဘူး!

"ကျောင်း၀င်အမှတ်အလိုက်တွဲကမယ်"

P.Tဆရာရဲ့အော်သံကြောင့်ငါထရပ်လိုက်သည်။ဒီနေ့fordကကျောင်းပျက်၏။‌ကျန်တဲ့လူတွေကလည်းအတွဲလိုက်ကိုယ်စီ စီသွားတာမလို့ငါတစ်ယောက်ထဲသာကျန်ခဲ့သည်။

ရုတ်တရပ်ငါ့ကိုလူတစ်ယောက်ကလက်ကမ်းပေးတာကြောင့်ငါပျော်သွားသည်။ဒါကခဏပဲ။လက်ပိုင်ရှင်ကgeminiဖြစ်နေ၏။

တစ်ကယ်ကြီးလား!?ငါဟိုကြည့်ဒီကြည့်လုပ်ပေမယ့်လွတ်နေတဲ့လူမရှိတာကြောင့်သက်ပြင်းတစ်ချက်သာချလိုက်သည်။

"မင်းမကရင်လည်းငါသွားပြီ"

"ဟေ!ဘယ်သူမကဘူးပြောလဲ"

ငါgeminiလက်ကိုပြန်ဆွဲယူလိုက်သည်။အကယ်၍ငါမကရင်အမှတ်‌တွေလျော့ခံရလိမ့်မည်။မျက်နှာကိုတည်ကာgeminiနဲ့တွဲကရန်ငါပြင်ဆင်လိုက်သည်။

အစပိုင်းတော့ကောင်းနေတုန်းပဲ။ရုတ်တရပ်geminiကငါ့ခြေဖျားကိုနင်းလိုက်သည်မလို့ငါအလိုမကျဖြစ်သွားသည်။မကတတ်တာလည်းမဟုတ်ဘဲနဲ့။

ဒီကောင်ကအကျင့်မကောင်းဘူး!ငါ့ခြေထောက်တွေကိုတမင်တကာတက်နင်းနေတာ။

"Gemini!မင်းမကတတ်ရင်ငါ့ခြေလှမ်းတွေနောက်လိုက်လေ"

စိတ်ဆိုးဆိုးနှင့်ငါပြောတော့သကောင့်သားကမုန်းစရာကောင်းအောင်ပြုံး၏။အဲ့နောက်ထပ်မံငါ့ခြေဖျားအားတင်နင်းပြန်သည်။

"အိုး ငါတစ်ကယ်မကတတ်လို့sorryနော်"

သက်သက်မဲ့ကြီးရန်စနေတာ။ငါမျက်မှောင်ကုပ်ကာကြည့်လိုက်ရင်းgeminiရဲ့ခြေထောက်တစ်ခုလုံးကိုအားဖြင့်တက်နင်းလိုက်၏။အီစိမ့်သွားသည့်ရုပ်ကငါ့ကိုကျေနပ်စေသည်။

"Fourth!"

"အိုး တောင်းပန်ပါတယ်နော်သူငယ်ချင်း ငါဘယ်လိုကရမလဲမသိလို့"

‌စိတ်တိုနေတဲ့geminiရဲ့မျက်နှာကြီးကမီးတောက်နေသည့်မုန်လာဥကြီးနှင့်တူသည်။ထို့နောက်geminiကငါ့ခြေထောက်အားထပ်မံတင်နင်း၏။

Fourthကိုလာစမ်းလို့ရမလား!ငါ့ဘက်ကနင်းလိုက်သူ့ဘက်ကနင်းလိုက်နှင့်အကကိုတောင်အာရုံမစိုက်နိုင်တော့ပေ။

Enchanted (geminifourth ff✅)Where stories live. Discover now