Part 4
အိမ်ထဲဝင်ဝင်ချင်းမောင်အငွေ့အသက်ရနေလိုက်တာမို့စိတ်ထဲအနည်းငယ်တော့သက်သာသွားသည်။ ဧည်ခန်းထဲပထမဆုံးဝင်တော့ နံရံကပ်ဗီဒိုပေါ်တင်ထားသောသမီးလေးနဲ့မောင့်ပုံ
တွေဟာတန်းစီကာထားထားသည်။ကိုယ်မပါဝင်တဲ့ဓာတ်ပုံတွေဆိုပေမယ့် မောင်နဲ့သမီးပျော်ရွှင်စွာတူတူရှိပေးလို့ကျေးဇူးတင်မိပြန်တယ်။
သမီးလေးသေးသေးလေးကနေခုအရွယ်ရောက်တဲ့ထိပုံလေးတွေကိုမြင်တိုင်း
ရင်ထဲကနာကျင်ရပြန်တယ်။"သမီးလေးကချစ်စရာကောင်းလိုက်တာ မောင်ကသေချာပျိုးထောင်ခဲ့တာပဲ"
မောင်နဲ့တူတူသမီးလေးအရွယ်ရောက်လာတာကိုမြင်ချင်လိုက်တာ"သမီးလေးရဲ့အခန်းလို့ထင်ရတဲ့အခန်းတံခါးပန်းရောင်လေးကိုဖွင့်လိုက်ကာလိုက်ကြည့်မိတယ်။ သမီးရဲ့အရုပ်လေးတွေ စာရေးစားပွဲလေးတွေကအစသပ်ရပ်နေတယ်။
သမီးလေးအခန်းကြည့်ပြီ စိတ်လေးထဲပီတိဖြစ်ကြည်နူးမိပြန်တယ်။"မောင်ကသမီးလေးကိုသေချာထိန်းကျောင်းပေးခဲ့တာပဲ"
နောက်ဆုံးရောက်လာတာကတော့ မောင့်အခန်း
မောင့်အခန်းထဲရောက်ချင်းကို ရင်ထဲတစ်နေရာကတင်းကျပ်လာပြီ တားဆီးမရတဲ့မျက်ရည်များဟာစီးကျလာရပြန်တယ်။
မောင့်ကုတင်ပေါ်ကိုထိုင်ချလိုက်တဲ့အခါ မောင့်အိပ်တဲ့နေရာလေးကိုလက်ဖျားလေးတွေနဲ့ထိတွေ့ကြည့်လိုက်သည်။အတိတ်နေ့ရက်တွေဟာခေါင်းထဲတန်းစီပေါ်လာခဲ့သည်။"ဟျွန်း အိပ်နေပြီလား"
မောင့်ရင်ခွင်ထဲခေါင်းလေးမှီထားရင်း ခေါင်းကိုအသာခါပြလိုက်သည်။
"မောင်ခုထိမယုံနိုင်သေးဘူး""ဘာကိုလည်းမောင်ရဲ့"
"ဒီကဗြောင်ဘတ်ဟျွန်းကိုပိုင်ဆိုင်ရပြီ ခုမကြာခင်ကလေးလေးရဲ့
အဖေဖစ်တော့မယ် မောင်အိပ်မက်တွေကတကယ်ဖစ်လာပြီ""မောင့်အိပ်မက်ကဘာလည်"
မောင်ဟာပြုံးပြကာဆံနွယ်လေးတွေကိုလက်လေးနဲ့သပ်တင်ပေးလိုက်သည်။
ဟျွန်းရဲ့မျက်ဝန်းတွေကိုကြင်နာမူအပြည့်ဖြင့်စိုက်ကြည့်ကာ"မောင့်အိပ်မက်က မောင်ချစ်တဲ့ဟျွန်းနဲ့မိသားစုဘဝလေး
ပိုင်ဆိုင်ပြီအမြဲပျော်ရွှင်နေဖို့ပေါ့"
YOU ARE READING
မောင်~
Fanfiction"လွန်ခဲ့တဲ့6နှစ်ကလို ပျောက်ကွယ်သွားစမ်းပါ" "ဘယ်ကစမှားခဲ့လည်းမသိပေမယ့် အနည်းဆုံးတော့ ဟျွန်းတို့ချစ်ခဲ့ကြတယ်မလားမောင်" "အေး ချစ်လွန်းလို့မင်းမှားခဲ့တဲ့အမှားကိုခွင့်မလွတ်နိုင်ဘူး"