Part 5
"ဘာအရာတွေကဘယ်ကစမှားခဲ့လည်းဆိုတာအဖြေလည်းမရှာချင်တော့"
မောင်ဟာရက်"စက်"ပစ်ထားခဲ့ပြီ တစ်ချက်လှည့်မကြည့်ခဲ့
ဒီတစ်ခါတော့မောင်နဲ့ထပ်ဝေးရဦးမှာလားအိမ်ပြန်ရောက်ချိန်၌အုံမှိုင်းလာသောကောင်းကင်ကြောင့်
မကြာခင်မိုးရွာလာတော့မယ်ဆိုတာသေချာသလောက်ရှိနေသည်။
သမီးလေးကတော့စိတိကောက်ဟန်ပြကာစကားတစ်ခွန်းမှကိုယ့်အားမပြောချေ။"အယ်ရာ သမီး ဒယ်ဒီကိုစိတ်ကောက်နေတာလား"
"ဒယ်ဒီက ပါးပါးကိုပစ်ထားခဲ့တယ်"
"သမီးလေးကိုသံယောဇဉ်မတွယ်စေချင်ဘူး မကြာခင်ထွက်သွားရမယ့်လူအပေါ်သမီးအဲ့လောက်သံယောဇဉ်မတွယ်နဲ့"
"အယ်ရာအနိုင်ကျင့်ခံရတယ်"
"ဘာပြောတယ် ဘယ်သူကသမီးကိုအနိုင်ကျင့်တာလည်"
"ဂျူလီယာနဲ့သူ့မေမေ ပါးပါးကရောက်လာပြီ သူတို့ကိုပြောပလိုက်တာ"
"ပါးပါးက ဟုလား"
"ဟုတယ် မီးမီးကိုပါးပါးကကာကွယ်ပေးခဲ့တာ
ဒါပေမယ့် ဒယ်ဒီကပါးပါးကိုအော်တယ်ထားလည်းထားခဲ့တယ်
ဒယ်ဒီကိုမုန်းတယ် မခေါ်ဘူး"အခန်းထဲငိုရင်းပြေးဝင်သွားသောသမီးငယ် အားကြည့်ရင်းငိုင်နေမိတယ်။
တကယ်တမ်းမှားတာကျနော်ကိုယ်တိုင်ပင် သမီးလေးဆီကိုမသွားနိုင်တဲ့အထိအလုပ်များနေခဲ့တယ်။သမီးလေးအားငယ်ချိန်မှာတကယ်တမ်းရှိနေပေးခဲ့တာဟျွန်း။
သူများပြောတာကိုယုံပြီသူ့ကိုအော်ဟစ်မိသလို ပစ်ထားခဲ့မိတယ်။ကားသော့ကိုဆွဲယူကာဟျွန်းအားထားခဲ့သောနေရာသို့ပြန်ထွက်သွားခဲသည်။
မိုးများဟာသည်းထန်စွာရွာနေခဲ့တယ်။မိုးရွာရင်ကြောက်တတ်သောတစ်စုံတစ်ယောက်အားခုချိန်စိုးရိမ်နေမိသည်။ထိုနေရာလေးကိုရောက်လာခဲ့သောလည်းကိုယ်စိုးရိမ်သောသူ့အားမတွေ့။
"ဗြောင်ဘတ်ဟျွန်း မင်းကွာ လွန်ခဲ့တုန်းက6နှစ်တုန်းကလည်းဒုက္ခပေးတယ်ခုပြန်လာတော့လည်းပေးတယ်"
မိုးရွာထဲတွင်မောင်ထားခဲ့သောထိုနေရာလေးတွင်အချိန်တစ်ခုထိရပ်စောင့်နေမိသော်လည်းမောင်ဟာတကယ်ကြီးပစ်ထားခဲ့သလိုပြန်လာမခေါ်တော့ပေ။
မိုးရေထဲမျက်ရည်များဖြင့်ရပ်စောင့်နေစဉ် ကိုယ့်ရှေ့ရောက်လာသောကားတစ်စီး
YOU ARE READING
မောင်~
Fanfiction"လွန်ခဲ့တဲ့6နှစ်ကလို ပျောက်ကွယ်သွားစမ်းပါ" "ဘယ်ကစမှားခဲ့လည်းမသိပေမယ့် အနည်းဆုံးတော့ ဟျွန်းတို့ချစ်ခဲ့ကြတယ်မလားမောင်" "အေး ချစ်လွန်းလို့မင်းမှားခဲ့တဲ့အမှားကိုခွင့်မလွတ်နိုင်ဘူး"