Part 2
အတိတ်ကိုသာပြင်ဆင်ခွင့်ရှိခဲ့ရင် အဲ့နေ့ကမောင့်အိမ်ကနေမေမေ့ဆီမပြန်ခဲ့ဘူး။
ဘယ်အရာတွေကမောင်နဲ့ဝေးစေခဲ့ပြီ ဘာတွေမှားခဲ့တာလည်းချန်းယောလ် သမီးလေးကိုရေချိုးသန့်ရှင်းပေး ထမင်းကျွေးပြီ အိပ်ပျော်နေတဲ့သမီးကိုချီထားစဉ်
အိမ်ရှေ့ကဘဲလ်တီးသံကြောင့် သမီးလေးကိုအခန်းထဲပို့ကာ အိမ်ရှေ့ထွက်လာလိုက်တယ်။မိုးများသည်းကြီးစွာရွာနေတာမို့ ထီးကိုပါယူလာလိုက်တယ်။
အိမ်ရှေ့တံခါးကိုဖွင့်လိုက်စဉ် တစ်ကိုယ်လုံးမိုးရေစိုနေတဲ့ဟျွန်း
ဖျော့တော့နေတဲ့မျက်ဝန်းများမှာမျည်ရည်ကြည်များတွဲခိုကာ ကိုယ့်အားကြည့်နေတယ်။"ဘတ်ဟျွန်း မင်းရူးနေလား မိုးရေထဲ ထီးမပါဘူးလား"
"ဟင့် မယူလိုက်မိလို့ ပြီးတော့အိမ်မပြန်ချင်လို့ ဟင့်"
"ရူးနေလား ဒီလောက်မိုးရွာနေတာကို "
ဘာမှပြန်မဖြေပဲငိုနေတဲ့ရှေ့ကအကောင်ပေါက်ကို
ကျစ်တစ်ချက်စုတ်ကာ ထီးပေးဆောင်းကာအထဲဝင်ခိုင်းလိုက်သည်။
မိုးရေထဲပစ်ထားလောက်တဲ့အထိကျနော် သူ့အပေါ်မရက်စက်နိုင်ပါ။အိမ်ထဲရောက်သည်နှင့် တဘက်တစ်ထည်ပေးကာသုတ်စေသည်။ရေနွေး နွေးနွေးလေးတစ်ခွက်ကိုသောက်ခိုင်းလိုက်သည်။
အင်္ကျီများဟာရွဲနေတာမို့ ကိုယ့်မှာရှိတဲ့အသေးဆုံးဆိုတာကိုပေးဝတ်လိုက်သည်။"ပြန်မလားလိုက်ပို့ပေးမယ်"
မော့ကြည့်လာတဲ့မျက်ဝန်းငယ်မှာ ဝမ်းနည်းခြင်းများပြည့်စွာ။ထိုအကြည့်များကိုရှောင်ရင်းရေနွေးခွက်ကိုင်ထားတဲ့လက်သွယ်သွယ်လေးဆီအကြည့်ရောက်မိတော့
လက်သန်းကြွယ်သွယ်သွယ်မှာ စွပ်ထားတဲ့ လွန်ခဲ့တဲ့6နှစ်ကလက်ထပ်လက်စွပ်လေး
သူပြောတော့လက်ထပ်လိုက်ပြီဆို ဒီလက်စွပ်ကိုဘာလို့ဝတ်ထားသေးတာလည်း။တစ်ချိန်ကထိုလက်ထပ်လက်စွပ်လေးဟာ ကိုယ်ကဘွဲရပြီးပေမယ့် ဘွဲ့လွန်ကိုတတ်နေချိန်ခနနားကာ အလုပ်လုပ်ရင်းစုထားတဲ့ပိုက်ဆံနဲ့ဝယ်ခဲ့တဲ့တစ်ခုတည်းသော
မင်္ဂလာဦးပစ္စည်းလေး။
YOU ARE READING
မောင်~
Fiksi Penggemar"လွန်ခဲ့တဲ့6နှစ်ကလို ပျောက်ကွယ်သွားစမ်းပါ" "ဘယ်ကစမှားခဲ့လည်းမသိပေမယ့် အနည်းဆုံးတော့ ဟျွန်းတို့ချစ်ခဲ့ကြတယ်မလားမောင်" "အေး ချစ်လွန်းလို့မင်းမှားခဲ့တဲ့အမှားကိုခွင့်မလွတ်နိုင်ဘူး"